"Hello ရတီ"
"ပြောပါ နေခြည် တို့ဘာကူညီပေးရမလဲ"
"ရတီကတော့ပြောတော့မယ်"
"မဟုတ်လို့လားကွယ်ဟင်"
"ဟီး...ဟီး...ဟုတ်တော့ဟုတ်တယ်လေ ရတီရဲ့"
ဆိုဖာမှာ အိပ်ပျော်သွားရင်း နိုးလာတော့ ခင်က အိပ်ပျော်နေပြီမို့ ခင့်ကို ကုတင်ပေါ်ရွေ့ကာ ဝန်ရံတာမှာ ဖုန်းလာပြောနေခြင်းဖြစ်သည်။
"အင်း......
ဥက္ကာမောင်ကို ရှာမတွေ့သေးဘူး နေခြည်ရယ်"
"သူ့ကိုတွေ့မှ အမှန်အတိုင်းသိရမှာ"
"သူကြာကြာတော့ မပုန်းနိုင်ပါဘူးကွယ်"
"အင်း....
သူပဲ ယမုံခင်ရဲ့ သေဆုံးမှု အကြောင်းအရင်းကို သိမှာ ရတီရဲ့"
"ဒါဆို နေခြည် ထိပ်ထားခင်နဲ့တွေ့ပြီးပြီလား"
"နေခြည်တွေ့ပြီးပြီး...ဒါပေမဲ့..."
"ဒါပေမဲ့!!!"
"ခင်က ယမုံသေဆုံးမှုက နေခြည့်ကြောင့်လို ထင်နေတယ် ရတီရယ်"
"နေခြည်က ရှင်းမပြဘူးလား"
"သက်သေမှမရှိပဲလေ
ဒါကြောင့် ဥက္ကာ ကို မြန်မြန် ရှာပေးစေချင်တယ် ရတီရယ်"
"အေးပါကွယ်...
တို့နားလည်ပါပြီ"
"ဒါဆို ဖုန်းချလိုက်ပြီနော် ရတီ"
................
"မဟုတ်ဘူး....မဟုတ်ဘူး.....ယမုံ...မဟုတ်ဘူး.."
ခင့်အခန်းထဲက အသံကြားလို့ အပြေးသွားကြည့်တော့ ကုတင်ပေါ်မှာ ချွေးစတွေနဲ့ ကယောင်ကတန်း တွေေလျှာက်ပြောနေတဲ့ခင် မျက်လုံးမှိတ်ထားပုံအရ ခင်အိမ်မက်က ယောင်နေတာဖြစ်မယ်။
ကုတင်ပေါ်အသာတတ်ကာ ခင်ကို ဖတ်ထားလိုက်တော့ လွတ်သွားမှာ ဆိုးသည့်နယ် တင်းနေအောင် ပြန်ဖတ်ထားတဲ့ ခင့်ရဲ့ လက်တစ်စုံ
ပါးစပ်ကလည်း ပလုံးပထွေး လျှောက်ပြောနေသည်။
ရင်ခွင်ထဲက ခင့်ရဲ့ကျောလေးကို အသာပုတ်ပေးကာ
"ဘာမှမဖြစ်တော့ပါဘူး ခင်ရယ် အကုန်အဆင်ပြေတော့မှာမို့ ခနလောက် ခနလောက်လေးပဲ သီးခံပေးပါနော်။"
YOU ARE READING
မောင်ချစ်သော အညာသူ ( gl fic) complete
Документальная прозаအညာသူလေးတွေဟာ လှလည်းလှသလို မာယာလည်းများပါတယ်နော်။အညာသူလေးတွေကို ချစ်မိရင်တော့ မျက်ရည်ခိုင်မှ ရမယ်နော်။
