35{U+Z}

3.5K 83 0
                                        

ပြတင်းတံခါးက ဖြတ်လို့ တိုက်ခတ်လာတဲ့ လေပြေလေးအဝှေ့ ပြတင်းတံခါးမှာ တွယ်တတ်ပွင့်နေတဲ့ စံပယ်ရနံ့လေးဟာ နှာဖျားမှာ တိုးဝင်လာသည်။မဖွင့်ချင် ဖွင့်ချင် ဖြစ်နေတဲ့ မျက်လုံးကို အားယူဖွင့်တော့ တစ်ဆက်တည်း ခံစားလိုက်ရတာက တစ်ကိုယ်လုံး ကိုက်ခဲနေတာကိုပင်။နာကျင်မှုကြောင့် အသံပြုမိခြင်းနဲ့အတူ နဖူးကို လာရိုက်ခတ်လာတဲ့ လေငွေ့နွေးနွေး။မနေ့က ကားပေါ်မှာ ဥက္ကာနဲ့ စကားပြောခဲ့တာက လွဲရင် အချို့အရာတွေဟာ ပုံရိပ်ယောင်လိုလို အိပ်မက်လိုလိုပင်။တွေးမိသမျှအရာရာကို မဟုတ်ပါစေနဲ့ဟူသော မျှော်လင့်ချက်ဖြင့် မော့ကြည့်လိုက်သော်လည်း

"ဥက္ကာ..!!!!!"

အံ့သြမှုကြောင့်ရော ထိပ်လန့်မှုကြောင့်ပါ ရောပြီး အော်ခေါ်လိုက်သံနှင့်အတူ ကုတင်ပေါ် ထထိုင်မိပြီး ကြည့်မိတော့ မနေ့က ဝတ်စုံမဟုတ်။ နိုးလာတဲ့ ဥက္ကာဟာ ယမုံ့ကို အားနာသလိုကြည့်လို့ သူ့လည်ဂုတ်ကို သူပွတ်ကာ ခေါင်းငုံ့ထားပြီး လေသံတိုးတိုးဖြင့်ပင်

"ယမုံ ငါ...မနေ့က ငါ....."

"ဥက္ကာ..."

တိုးဖွဖွခေါ်မိတော့ ဥက္ကာက ယမုံ့ကိုကြည့်သည်။ယမုံလည်း အတတ်နိုင်ဆုံး စိတ်ကိုတင်းကာ

"မဟုတ်ဘူးမလား...ငါ...ငါထင်ထားသလို မဖြစ်ခဲ့ဘူးမဟုတ်လား...ဟင်.."

"ယမုံ...ငါ"

ရှေ့ဆက်မပြောလာတဲ့ ဥက္ကာကြောင့် သူ့ရင်ဘက်က အိက်ျီကို ဆွဲလို့ သူ့ရှိသမျှအားနဲ့ ထုရိုက်လို့ တုန်ရီနေသောအသံဖြင့်ပင်

"မဟုတ်ဘူးမလားလို့ ပြောစမ်းပါ...ပြောစမ်းပါ ဥက္ကာရဲ့ မဟုတ်ဘူးမလားလို့...မဟုတ်ဘူး....."

"ဟုတ်တယ်ယမုံ...ငါ နင့်ကို အပြစ်ပြုမိခဲ့ပြီ"

ဥက္ကာရဲ့ စကားအဆုံး လက်တို့ရပ်တန့်လို့ အရုပ်ကြိုးပျက်ထိုင်ချကာ မယုံကြည်နိုင်သော မျက်ဝန်းတွေဖြင့် ဥက္ကာကို ကြည့်လို့ အဆက်မပျက်စီးကျလာတဲ့ မျက်ရည်တွေကို သုတ်ကာ

"ဘာလို့လဲ...ဘာလို့လဲ ဥက္ကာ...ဟင်...ဘာလို့လဲ..."

"မင်းအရမ်းမူးနေတော့..ငါ....."

မောင်ချစ်သော အညာသူ ( gl fic)   completeWhere stories live. Discover now