14{U+Z}

6.4K 212 5
                                        

ပြတင်းတံခါးကိုဖြတ်လို့ နေရောင်ခြည်ဟာ မျက်နှာထက် ခစားလို့နေလေသည်။မပွင့်ချင်သည့်မျက်ဝန်းတို့ကို လက်လေးနဲ့အသာပွတ်ကာ ဖွင့်ကြည့်လိုက်တော့ မြင်လိုက်ရသည်က နှစ်ခြိုက်စွာ အိပ်နေသော ကျွန်မရဲ့မောင်။ မောင့်ရဲ့ ပါးပြင်လေးကို အသာထိမိတော့ မောင်က ကျွန်မကို တိုးဖတ်လာသည်လေ။ကျွန်မလည်း မောင့်လက်တွေကို အသာပုတ်လို့

"မောင် မိုးလင်းနေပြီ ထရအောင်"

ကျွန်မပြောတော့ မောင်က ကျွန်မ ရင်ခွင်ထဲတိုးဝင်လို့

"ဟင့်အင် ခင့်ရဲ့ ရင်ခွင်ထဲပဲနေချင်တာ "

"မောင်ရယ် တို့လုပ်စရာရှိသေးတယ်လေ ထရအောင်ပါ"

"ဟင့်အင် ခင့်ရင်ခွင်လေးထဲမှာပဲ အိပ်ချင်သေးတယ်"

"မောင် ကလေးလည်း မဟုတ်ပဲနဲ့ "

"ဟုတ်ပါတယ်.."

"မဟုတ်ပါဘူးနော် "

"ဟင့် မောင်က ခင့်ရဲ့ ကလေးလေးပါလို့ ခင်ရဲ့"

"ဟောရှင်..."

တကယ်ပါ မောင်ဟာ ကျွန်မအ​​ပေါ်ကို အခုနောက်ပိုင်း ပိုပြီး ကလေးဆန်လာပါတယ်။အရမ်းလည်း တွယ်ကပ်လာခဲ့ပါတယ်။အဲ့သလိုမောင်ဟာ ကျွန်မကို အမြဲအရိပ်တစ်ကြည့်ကြည့်နဲ့ ယုယကြင်နာပေးပါတယ်။

"ကဲ တော်ပြီမောင် တို့ စျေးသွားရဦးမယ်"

ခင်ပြောတော့ မောင်က ခေါင်းလေးငြိမ့်လို့ မထချင်ထချင်နဲ့ ခင့်ရင်ခွင်ထဲက ကုန်းထလို့

"ဟုတ် ခင် စောင့်ဦးနော် မောင်လိုက်ပို့မယ်"

ပြောကာသာ ရေချိုးခန်းထဲဝင်သွားတဲ့ မောင်ဟာ ခင်ဘာမှမပြင်ရသေးဘူးဆိုတာ မေ့နေသယောင်ပါပဲလေ။အခုလိုကျတော့လည်း မောင်က တကယ့်ကလေးလေးပါပင်။

"ခင်....ထိပ်ထားခင် ဟုတ်တယ်မလား"

စျေးသွားရင်း မိန်းကလေးတစ်ယောက်က လာနှုတ်ဆက်သည်မို့ ခင်လည်း ပြန်နှုတ်ဆက်လိုက်သည်။အမှန်ပြောရရင် ထိုမိန်းကလေးကို ခင်မသိပါ။မောင်ကတော့ ခင့်လက်ကို တင်းတင်းဆုတ်လို့ အဲ့မိန်းကလေးကို အလိုမကျဟန်ကြည့်ကာသာ

မောင်ချစ်သော အညာသူ ( gl fic)   completeWhere stories live. Discover now