"ရေချိုးပြီးပြီးလား လာလေ မောင်"
ထမင်းစားပွဲမှာ ဟင်းခွက်တွေ ပြင်ရင်း လှေကားကနေ ဆင်းလာတဲ့ မောင့်ကို ခင်က တစ်ချက်ကြည့်ကာ ပြောလိုက်ပြီး ထိုင်ခုံမှာ နေရာယူလိုက်တယ်။
မောင်ကတော့ ရေချိုးပြီးကာစမို့ ဆံပင်တွေဟာ မခြောက်တစ်ခြောက် တီရှပ်အပွ အပြာနုရောင်ကို ကာဘီရောင် ဘောင်းဘီအပွအတိုနဲ့ တွဲဝတ်ထားတဲ့ ေမာင်ဟာ တစ်ကယ်ကို ကလေးလေးနယ် ပါးလေးတွေ ဟာ နီမြန်းလျက်....
မောင်လည်း ခင်နဲ့ မျက်နှာချင်းဆိုင်မှာ နေရာယူလိုက်ပြီးတော့
"ခင် ဟင်းတွေက အများကြီးပဲ"
"တို့က မောင့်ကို စားစေချင်လို့ပါ များများစားမောင် တို့ကျွေးတာ မစားရင် စိတ်ဆိုးမှာနော် မကြိုက်တာတော့ ပြောပေါ့"
"ဟုတ် ဒါနဲ့.... "
မောင်လည်း ဘာဆက်ပြောရမလဲ မသိတာမို့ မပြောပဲ ရပ်လိုက်သည်။အခုမှ ရောက်လာပြီးတော့ သူများအိမ်တွင်းရေးကို မမေးသင့်ဘူးမလား။
"တို့က တစ်ယောက်တည်းပဲနေတာလေ ဒါ့ကြောင့် ဒီမှာတော့
မောင် တို့ကလွဲ ဘယ်သူ့ကိုမှ တွေ့မှာ မဟုတ်ဘူး"
တွေ့လား ခင်ဟာ အမြဲ သူတစ်ပါး ဘာတွေးနေလဲ သိနေတယ်လေ။မောင်လည်း အံသြသလိုရော မေးခွန်းတွေနဲ့ ပြည့်နေတဲ့ မျက်လုံးမျိုးနဲ့ ကြည့်တော့
ခင်က သွားတတ်လေးတွေပေါ်သည်ထိ ပြုံးပြီး မောင့်ပန်းကန်ထဲကို စားပွဲပေါ်က ဟင်းခွက်တွေထဲက ပုဇွန်ကို အခွံ့ခွာပြီး ထည့်ပေးကာ
"ခြံနောက်မှာ အိမ်တစ်လုံးရှိသေးတယ်လေ အဲ့အိမ်မှာ အလုပ်သမားတွေက နေတယ်။ အိမ်ကြီးထဲမှာတော့ ခင်တစ်ယောက်တည်းပေါ့"
"ဟုတ်"
"အေးဆေးပေါ့ မောင်ရယ် တို့အကြောင်းကို နောက်ကျသိမှာပေါ့ အဲ့တော့မှ မကြောက်သွားနဲ့နော်"
"ကြောက်သွားမယ်!!!"
တိုးဖွစွာ ရေရွတ်မိပြီး ထမင်းသာ ငုံ့စားလိုက်သည်။တစ်ခါတစ်ခါ ခင်ပြောတာတွေဟာ ရှင်းသလိုထင်ရပေမဲ့ နားမလည်နိုင်အောင် ရှုပ်ပါတယ်။
YOU ARE READING
မောင်ချစ်သော အညာသူ ( gl fic) complete
Non-Fictionအညာသူလေးတွေဟာ လှလည်းလှသလို မာယာလည်းများပါတယ်နော်။အညာသူလေးတွေကို ချစ်မိရင်တော့ မျက်ရည်ခိုင်မှ ရမယ်နော်။
