နိုးလာတော့ ပထမဆုံး တွေ့လိုက်ရတာက မျက်နှာကျက်အဖြူ ကိုက်ခဲနေတဲ့ ခေါင်းကို အသာထိလို့ ဘေးဘက်ကိုကြည့်မိတော့ ကုတင်ထက် လက်လေးထောက်လို့ အိပ်ပျော်နေတဲ့ ခင်။ခင့်ကိုကြည့်ရတာလည်း ပင်ပန်းနွမ်းနယ်နေပုံပင်။ ခင့်ရဲ့လက်လေးကို အသာထိလို့ တိုးဖွစွာ ခေါ်မိတော့
"ခင်"
မျက်လုံးဖွင့်လာတဲ့ခင်က
"မောင်..မောင် သတိရလာပြီ"
ပြောကာသာ မောင့်လက်ကလေးကို ပြန်အုပ်ကိုင်လို့ သူ့ပါးပြင်လေးနဲ့ထိပြီး မျက်ဝန်းမှာလည်း မျက်ရည်စတွေ စိုစွတ်လာလေသည်။
"မငိုပါနဲ့ခင်"
"စိုးရိမ်နေခဲ့တာ မောင်ရယ်"
ပြောကာသာ မောင့်ကို ကုတင်ထက် ကျောမှီကာ ထိုင်စေပြီး မောင့်ဘေးမှာပဲ ခင်ကတော့ ပန်းသီးကို အခွံခွာပေးနေသည်လေ။
"မမေးတော့ဘူးလားခင်"
မောင်ပေးတော့ ခင်က မောင့်ကို ပန်းသီးစိတ်လေးပေးရင်းမှ
"မောင်နေကောင်းမှ ခင်တို့ ပြောကြတာပေါ့"
"ယမုံက.."
"မောင်.."
မောင့်အပြောကို ခင်က ဖြတ်ပြောလို့ မောင့်ကိုကြည့်ကာ မောင့်လက်ကလေးကိုကိုင်လို့ အသာပြုံးပြီး
"တို့ကပဲ ယမုံ့ကိုယ်စား တောင်းပန်ပါတယ်မောင်"
"ခင်.."
"ယမုံက ဒီနှစ်တွေအတွင်း ဘာတွေ ကြုံခဲ့ရလဲ တို့မသိသလို ယမုံ့ကို အရင်ကရော အခုထိပါ တို့သေချာ မကာကွယ် မစောင့်ရှောက်နိုင်ခဲ့ဘူးမောင်"
"ခင်ပြောချင်တာက"
"မောင်နဲ့ ယမုံ့ကြားမှာ ဘာတွေ ဖြစ်ခဲ့လဲ တို့မသိပေမဲ့ ယမုံ့ကို နားလည်ခွင့်လွှတ်ပေးလိုက်ပါလို့ တို့က တောင်းဆိုပါ့မယ်မောင်"
ခင့်အပြောကို နားထောင်ရင်း မောင်က ခင့်ကိုသေချာကြည့်လို့
"ခင် မောင်မေးမယ်"
"မေးလေမောင် တို့ဖြေပေးပါ့မယ်"
"မောင်နဲ့ ယမုံ့ကို ရွေးရမယ်ဆို ခင်ဘယ်သူ့ကို ရွေးမလဲဟင်"
YOU ARE READING
မောင်ချစ်သော အညာသူ ( gl fic) complete
Non-Fictionအညာသူလေးတွေဟာ လှလည်းလှသလို မာယာလည်းများပါတယ်နော်။အညာသူလေးတွေကို ချစ်မိရင်တော့ မျက်ရည်ခိုင်မှ ရမယ်နော်။
