2{ U+Z }

11.5K 412 6
                                        

နေခြည်မောင် စီးလာတဲ့ ကားက တစ်နေရာအရောက် နေခြည်ရလိုက်တဲ့ တမာရနံလေးကြောင့် သူမ မမရှိတဲ့ အညာမြို့လေးထဲ ဝင်လာပြီဆိုတာ သိလိုက်တယ်။

ကားပြတင်းပေါက်မှာ ထိုင်သူမို့ ပြတင်းပေါက်ကနေ အပြင်ကိုကြည့်ရင် ခမ်းနားစွာ တည်ဆောက်ထားတဲ့  မြို့ဝင်ပေါက်က "မကွေးမြို့မှ လှိုက်လှဲစွာ ကြိုဆိုပါ၏ဆိုတဲ့" စာတန်းနဲ့ မြို့ဝင်တံခါး...

ကားလမ်းတလျောက်လည်း စီတန်းနေပြီး အရိပ်ရတဲ့ တမာပင်တွေ မှာ 3 လပိုင်းမှာမို့ ဖြူလွင့်လွင့် တမာပွင့်လေးများဟာ ရနံများ သင်းပျံ့လျက်...

မြို့ထဲက လမ်းတွေမှာလည်း နေ့လည်ခင်းမို့ လူသိပ်မရှုပ် ဒီမြို့လေးဟာ နေခြည့်အတွက်တော့ စိတ်ချမ်းသာစရာပါပဲလေ...

ကားကွင်းရောက်တော့ ကားပေါ်က အဆင်း သူမကို လာကြိုတဲ့ မမဟာ အပြာရောင် ပိုးချည် ဝမ်းဆက်လေးကို ဝတ်ထားပြီး ဆံပင်ကို ကျစ်ဆံမြီးကျစ်ကာ နောက်မှာ ချထားပြီး နေခြည့်ဆီ လျောက်လာတယ်။
နေခြည့် လက်ထဲက အိတ်ကို ယူကာ

"နေခြည်လာ တည်းမဲ့အိမ်ရောက်မှပဲ အေးဆေးပြောရအောင် လာ"

နေခြည်လည်း မမခေါ်တဲ့ နောက်ပဲ လိုက်ခဲ့ကာ သူတို့နဲ့ ခပ်လှမ်းလှမ်းမှာ ရပ်ထားတဲ့ ကားနက်လေးဆီ လျောက်လာကြတယ်။ကား​ပေါ်ရောက်တော့ နေခြည်က နောက်ခန်းမှာ ထိုင်ကာ မမကတော့ lover seat မှာထိုင်တယ်။driver နေရာမှာ ထိုင်နေတဲ့သူဟာ နီညိုရောင် မြန်မာဝမ်းဆက်လေးကို ဝတ်ထားပြီး သူမရဲ့ ဆံနွယ်ရှည်တွေကို တစ်လွှာစည်းထားတယ်။ဘေးတိုက်မြင်နေရတဲ့ သူမဟာ မိန်းကလေးချင်းတောင် အားကျရလောက်အောင် လှပါသည်။

နေခြည် မည်မျှ ငေးကြည့်နေမိသည်မသိ သူမထံမှ အသံထွက်လာမှပဲ အသိဝင်မိသည်။

"အခုမှ တွေ့ဖူးတာကို အဲ့လိုစိုက်ကြည့်နေတော့ မနေတတ်ဘူး​လေကွယ်"

ထိုစကားသံကြောင့် နေခြည့်အနည်းငယ် ရှက်သလိုခံစားရပြီး ပါးလေးတွေ ပန်းရောင်သန်းလာကာ

"တောင်းပန်ပါတယ် ကျွန်တော်က ဒီတိုင်း ကြည့်လိုက်မိတာပါ"

"ဟားးးးးး
မင်းလေးက စလို့ကောင်းသားပဲ"

မောင်ချစ်သော အညာသူ ( gl fic)   completeWhere stories live. Discover now