12{ U+Z }

3.8K 177 0
                                    

ခင် မောင်းလာတဲ့ကားဟာ နေခြည်တို့ ခြံဝန်းထဲကို အရှိန်ဖြင့်ဝင်လာကာ ကားပေါ်ကနေ ကပျာကယာ ဆင်းလာတဲ့ ခင်။

ကားက အရှိန်ဖြင့် မောင်းနှင်လာသောကြောင့် ရပ်လိုက်တော့ ကျွီ ဆိုတဲ့ အသံဟာ ကျောချမ်းဖွယ်ရာ ထွက်ပေါ်လာလေသည်။ကဗျာတို့လည်း အသံကြားလို့ ခြံထဲ ဆင်းလာတော့ ကပျာကယာဖြင့် ကဗျာ့ဆီသို့ တည့်တည့်လျှောက်လာနေသည့်ခင်။ခင်ဟာ အခုလို ဘာမှ မပြင်ဆင်ထားပဲ ကပိုကရို ပုံနှင့်ကို လှနေသေးသည်မှာအမှန်။

ကဗျာ့နားအရောက် ကဗျာ့လက်ကို ဆွဲကိုင်ကာ

"ကဗျာ...မောင်...မောင်ရောဟင်"

ခင့်အသံတွေဟာ သိသိသာသာကို တုန်ယင်နေခဲ့သည်။မျက်တောင်လေးတွေဟာလည်း စိုစွတ်လျက်....ခန္ဓာကိုယ်လေးဟာလည်း တုန်နေခဲ့တယ်။ခင်အလောတကြီး ထွက်လာတာ သိသာပါသည်။ခင့်ရဲ့ ဖြူလွှလွှ ခြေထောက်လေးဟာ ဖိနပ်ကင်းမဲ့နေကာ ကြမ်းတမ်းတဲ့ မြေပေါ်မှာ သွေးခြေဥနေလေပြီ။ခင့်ကို ကဗျာလည်း ပခုံးက အသာကိုင်လိုက်ကာ

"ခင် ကဗျာပြောတာကို စိတ်အေးအေး ထားပြီး နားထောင်ဦးနော်"

"မောင်...မောင်ရောဟင်..ကဗျာ ပြောပါဟာနော်"

"ခင် နေခြည်က ဒီမှာ မရှိဘူး"

"ဟင်....ဒါ...ဒါဆို..."

ခင်ဟာ စကားမဆုံးခင်ကို မျက်ဝန်းမှ မျက်ရည်များဟာ ပါးထပ်သို့ စီးကြနေသည်။ကဗျာ့ရဲ့ လက်ကို ဆုတ်ကိုင်ကာ အားကိုးနေတဲ့ မျက်ဝန်းများဖြင့်

"ကဗျာ...မောင်..မောင်က တို့ကို စိတ်ဆိုးနေတာဟ...အဲ့ကြောင့်.... အဲ့ကြောင့်....တို့က မောင် စိတ်ဆိုးပြေတဲ့ ထိချော့မှာမို့ တွေ့ခွင့်ပေးပါကဗျာရယ်နော်...."

ခင်က နေခြည်နဲ့ မတွေ့စေချင်လို့ တားနေတာလို့ ထင်နေသည်လေ ။ကဗျာလည်း သက်ပြင်းကို ဖွဖွချကာ

"ခင်....နေခြည်က ဒီမှာ တကယ်မရှိဘူး"

"တို့....တို့ သေချာ တောင်းပန်ပါ့မယ် ကဗျာရယ်...မောင်နဲ့...မောင်နဲ့ တွေ့ခွင့်ပေးပါနော်...ကဗျာရယ် တို့ ရင်တွေ မွန်းကျပ်ပြီး နာကျင်လွန်းလို့ပါ....ပြောပြပါနော်..."

မောင်ချစ်သော အညာသူ ( gl fic)   completeWhere stories live. Discover now