19{U+Z}

4K 138 3
                                        

နေရောင်ခြည်တွေ ဖြာကျနေတဲ့ နံနက်ခင်းတစ်ခုမှာ ပြတင်းပေါက်ဘေးမှာ ထိုင်နေတဲ့ ခင့်ရဲ့ပေါင်ပေါ် ခေါင်းလေးမှီလို့ ကပ်ချွဲနေတဲ့ မိန်းကလေးတစ်ဦးလည်းရှိလေသည်။

"မမ"

"ရှင့်"

"ချစ်လား"

"သိပ်ချစ်တာပေါ့ ယမုံရယ် မမမှာ ပြေးကြည့်မှ ဒီညီမလေးပဲရှိတာကိုကွယ်"

ဆံပင်လေးကိုပွတ်သပ်လို့ ရယ်မြူးရိပ်သန်းကာ ဖြေလာတဲ့ မမ။

"မမ "

"ရှင့်"

"ယမုံလေ လိုချင်တာ တစ်ခုရှိတယ်"

"ဘာများလည်း ယမုံရဲ့ မမကိုပြောလေ"

"အဲ့ဒါက...."

ခေါင်းလေးမော့လို့ မမရဲ့ လက်ကို ဆော့နေတဲ့ယမုံ့ကို ပြုံးကာသာ ဆံပင်ကို နားကြားညှပ်ပေးလို့

"ပြောပါ ယမုံရဲ့ ညီမလေးလိုချင်တာဆို မမက အကုန့်ဖည့်ဆည်းပေးမယ်"

"တကယ်လားမမ"

"တကယ်ပေါ့ ယမုံရဲ့ မမရဲ့ ညီမလေးအတွက်ဆို မမက အသက်တောင်ပေးရဲပါသတဲ့ရှင်"

"ဟာ...မမကလည်း အသက်ပေးစရာ မလိုပါဘူး.... ဟီး...."

"ဟုတ်ပါပြီရှင် ပြောပါဦး ယမုံက ဘာလိုချင်တာလဲ"

"အာ.....စဥ်းစားလိုက်ဦးမယ်မမ နောက်မှပြောမယ်...အဲ့ချိန်ကျမှ မငြင်းရဘူးနော် မမ"

"ဟုတ်ပါပြီရှင်...မမရဲ့ချစ်ညီမလေးသဘောပါပဲ"

"ဟီး.....အင်း...ဒီလိုလေး မနေရတာတောင် ကြာခဲ့ပြီပဲ"

မမပေါင်ပေါ် အသာမှီလို့ မမရဲ့ ချော့သိပ်တာကြောင့် မျက်ဝန်းတို့ဟာ အိပ်စက်ခြင်းဆီသို့ ရောက်ခဲ့ပြီ။

.........

ကော်ဖီဆိုင်က ထောင့်ဝိုင်းမှာ မျက်နှာချင်းဆို ထိုင်နေတဲ့ မိန်းကလေးနှစ်ယောက်

"ဘာဖြစ်လို့ အခုလို လုပ်ရတာလဲ သီရိမေ"

"ဗုဒ္ဓေါ..... ရတီ ငါက ဘာလုပ်လို့လဲ"

"နင်ဘာလို့ ယမုံ့ကို အသုံးချနေတာလဲ"

"ယမုံ့ကို အသုံးချတယ် ငါကလား"

မောင်ချစ်သော အညာသူ ( gl fic)   completeWhere stories live. Discover now