ခင်တို့ကားလေး ကားကွင်းထဲ ရောက်ရောက်ချင်းပဲ မောင်စီးတဲ့ ကားလေးဟာ ထွက်သွားခဲ့ပြီ။ကားပေါ်ကဆင်းလို့ နာရီလေးကြည့်မိတော့ အချိန်ဟာ 4:25 တောင်ရှိပြီမို့ ရတီက စိတ်မရှည်စွာပဲ ခြေလေးဆောင့်လို့
"တောက်စ် အဲ့မီးပွိုင့်ကြောင့်ပေါ့ မမခင်ရယ် တကယ်ပဲ ဘယ်တုန်းကမှ မဖွင့်ပဲ အခုမှ တစ်ရေးလာနိုးနေလို့ ဖြစ်ရတာ"
ရတီ့အပြောကို မေက ရတီ့ပုခုံးကို အသာပုတ်လို့
"အရင်ကလည်း တစ်ခါတစ်လေတော့ ဖွင့်ပါတယ် ရတီရယ်"
"သူတို့ စိတ်ကူးရမှပါဟာ အရေးနဲ့အကြောင်းနဲ့မှ မီးပွိုင့်မိနေရတယ်လို့ ဒုက္ခပါပဲ"
ရတီနဲ့ မေကတော့ စကားတွေပြောနေပြီး အစ်ကိုက သမီးလေးကိုချီထားကာ ယမုံကတော့ မမနားသွားကာ ယမုံတို့ မရောက်ခင်ကတိုင် ထွက်သွားတဲ့ ကားလမ်းလေးကိုငေးနေတဲ့ မမရဲ့ ပုခုံးကိုအသာထိလိုက်တော့ ယမုံ့ရင်ခွင်ထဲ တိုးဝင်လာတဲ့မမ ။မမဟာ ယမုံ့ကို ဖတ်လို့ ငိုနေသည်။မမရဲ့ မျက်ရည်တွေဟာ ယမုံ့ အိကျီထက် စိုလာတော့ မမရဲ့ ခေါင်းလေးကို အသာပုတ်လို့
"မမ..."
"ယမုံ...မောင်...မောင်က ပြန်မလာတော့ဘူးထင်တယ်"
"မောင်ပြန်မလာရင်...ယမုံတို့.."
"ဟင့်အင်..မောင်...မောင်က... မမကို... မမကို ထားခဲ့ပြီ...အဲ့တာလည်း မမကြောင့်...မမကပဲ မောင့်ကို အဝေးကို တွန်းပို့လိုက်တာ"
"မမ....ယမုံ့ကိုကြည့်..."
ပြောကာသာ မျက်နှာချင်းဆိုင်လိုက်တော့ မမဟာ မျက်ရည်စိုနေတဲ့ မျက်ဝန်းလေးတွေနဲ့ ယမုံ့ကိုကြည့်လို့
"ယမုံ..မမ...မမ"
"မငိုပါနဲ့ မမရယ်..ယမုံ့အပြစ်တွေပါ အတ္တတွေကိုရှေ့တန်းတင်မိလို့ အခုလိုဖြစ်ရတာ...မမက ယမုံ့အတ္တတွေမှာ ကြားညပ်ရတာပါ တောင်းပန်ပါတယ် မမ... ယမုံတောင်းပန်ပါတယ် မငိုပါနဲ့တော့ မမရယ်"
ပြောကာသာ မမကို ပြန်ပွေ့ဖတ်မိတော့ မမဟာ ယမုံ့ရင်ခွင်ထက် ပြန်မှီလို့ ပိုတိုးငိုနေလေသည်။မမရယ် ယမုံဘာလုပ်ပေးရမလဲကွယ်။
YOU ARE READING
မောင်ချစ်သော အညာသူ ( gl fic) complete
Non-Fictionအညာသူလေးတွေဟာ လှလည်းလှသလို မာယာလည်းများပါတယ်နော်။အညာသူလေးတွေကို ချစ်မိရင်တော့ မျက်ရည်ခိုင်မှ ရမယ်နော်။
