16{U+Z}

4.5K 180 0
                                        

"ခင် ပြန်ရောက်နေပြီလား"

မမဆီက စောစောပြန်လာတဲ့ မောင်ဟာ မီးဖိုခန်းထဲက အစိမ်းရောင်ကျောပြင်လေးကိုမြင်တော့ မေးလို့ ဆိုဖာထက်မှာ ထိုင်လိုက်သည်။အထဲကပြန်ဖြေသံမကြားတာကြောင့်

"ခင် ဘာဖြစ်လို့လဲ"

မီးဖိုခန်းတံခါးကနေ ရပ်ပြီး မေးတော့လည်း ကျောပြင်စိမ်းလေက လှည့်မလာသလို ဘာအသံမှ ပြန်မလာပေ။မောင်လည်း အနောက်က သိုင်းဖတ်လိုက်တော့ ကျောပြင်လေးက တုန်သွားသည်လေ။လန့်သွားတယ်ထင်ပါရဲ့။
ပုခုံးထက် အသာမှီချလို့

"ခင် မောင်က စောစောပြန်မလာလို့ မောင့်ကို စိတ်ဆိုးနေတာလားဟင်"

"............"

"တကယ်က မမကလေ မောင့်ကို အလုပ်လေးတွေ ကူခိုင်းနေလို့ပါ...မောင်က ခင့်ကိုပဲ လွမ်းနေတာပါခင်ရယ်"

"..........."

"လွမ်းနေခဲ့တာပါမောင်"

အသံကြားလိုက်တော့ ရုတ်တရက် မျက်လုံးပင် ဖွင့်လိုက်မိသည်။ခင့်အသံက တစ်ခုခုဖြစ်နေသလိုပင် အတွေးတို့တောင်မဆုံးသေး တံခါးဝက အသံကြားတော့ ဖတ်ထားမိတဲ့ လက်တို့ဟာ လွှတ်မိလို့ နောက်ပြန်ကြည့်မိတော့

"မောင် အဲ့တာဘာလုပ်နေတာလဲ"

"ခင်.....ခင်က အဲ့မှာဆို..."

ရုတ်တရက်​ကြောင်နေတဲ့ မောင့်နားကို ခင်က လာရပ်လို့ အဲ့ဒီကျောပြင်စိမ်းလေးကို သေချာကြည့်ပြီး

"မင်းဘယ်သူလည်း မိန်းကလေး "

ခင်မေးတော့ သူမက သူမရဲ့ ဆံပင်လေးကို အသာပွတ်လို့ လှည့်လာပြီး

"ကိုယ့်ညီမကို မသိတာတော့ လွန်လွန်းတယ် မထင်ဘူးလား မမ"

အပြုံးလေးနဲ့ ခပ်အေးအေးပဲ ပြောလာတဲ့ သူမကို မြင်ပြီး ခင်ရော မောင်ပါ နေရာမှာတင် အံ့သြမှုအပြည့်နဲ့ ငြိမ်သက်နေမိသည်။ထို့နောက် နှစ်ယောက်လုံးရဲ့ နှုတ်ကနေ ပြိုင်တူထွက်လာတဲ့ အမည်နာမတစ်ခု

"ယမုံခင်!!!!"²

ခင်ကတော့ ချက်ချင်းပင် ယမုံ့ကို ပြေးဖတ်လို့

"ယမုံ....မမ ညီမလေး...လွမ်းနေခဲ့တာ....ညီမလေး မမဆီ ပြန်မလာနိုင်တော့ဘူးဆိုပြီး.....ယမုံ....ညီမလေး....ညီမလေး...အသက်ရှင်တယ်....ဝမ်းသာလိုက်တာ ယမုံရယ်....ဝမ်းသာလိုက်တာ....မမနဲ့ပဲ နေတော့နော်....မမ ညီမလေး... မွ...မွ..မွ "

မောင်ချစ်သော အညာသူ ( gl fic)   completeWhere stories live. Discover now