41{U+Z}

4.8K 122 2
                                        

"မောင် တို့နဲ့လိုက်ခဲ့"

အခန်းထဲမှာ စာဖတ်နေတဲ့ မောင်က ရုတ်တရက်ခင့်ရဲ့ လက်ဆွဲခေါ်မှုကြောင့် ခေါ်ခေါ်ရာနောက်ကိုသာ ဘာမှမပြောပဲ လိုက်ခဲ့ရသည်။ကားပေါ်တတ်လို့ တစ်နေရာကို ဦးတည်မောင်းနေတာကလွဲရင် ကျန်တာ မောင်မသိပါ။ခင်ကလည်း ဘာမှမပြောသလို ကားတစ်ခုလုံးလည်း တိတ်ဆိတ်နေသည်။ခနကြာတော့ ခင့်ကားဟာ မြစ်ဘေးမှာ ရပ်သွားပြီး

"မောင် ခင်တို့ ဆင်းရအောင်"

"တစ်ခုခုများ ဖြစ်လို့လားခင် "

"လာပါမောင် ရောက်ရင် သိမှာပါ"

"ခင် ညနက်နေပြီလေ "

"မောင်ကပြောရခက်လိုက်တာကွယ် လာပါ ခင့်ကိုယုံနော်"

ပြောလို့ ခင်က မောင့်ရဲ့ မျက်လုံးကို ပဝါလေးနဲ့အုပ်ပြီး တစ်နေရာကို ခေါ်သွားသည်လေ။ခြေလှမ်းတွေ ရပ်တန့်သွားတော့ ခင်က မောင့်နားနားကပ်လို့ အချိုသာဆုံး အသံဖြင့်ပင်

"Happy Birthday မောင်"

ခင် ပဝါကို ချွတ်လိုက်သည်နှင့် တစ်ပြိုင်နက် ထွက်ပေါ်လာတဲ့ အသံများ

"Suprise...."

"happy birthday par နေခြည်မောင် နင်ငါ့ကို အကြွေးတင်သွားပြီနော် ဟွန့်"

"ရတီ...နင်ဟာလေ "

"ဘာလဲ မေရာ"

"ဒါက ယမုံ့ရဲ့ လက်ဆောင်ပါ မောင်..... မောင် ကြိုက်မယ်လို့ မျှော်လင့်ပါတယ်"

ယမုံပေးတဲ့ ဘူးလေးကို ယူကာ ခင့်ကိုကြည့်တော့ ခင်က ခေါင်းငြိမ့်ပြသည်။ဒါမှ မောင်လည်း ပြုံးကာသာ

"ကျေးဇူးပါ ယမုံ ငါ သဘော​ကျမှာပါ"

သူတို့အသီးသီး လက်ဆောင်တွေ ပေးပြီးတော့ ခင်က မောင့်လက်ကိုဆွဲလို့

"လာပါမောင် ကိတ်မုန့်ခွဲရအောင်"

ခင်တို့ ပြင်ပေးထားတဲ့ မိသားစုပါတီ သေးသေးလေးပေမဲ့ မောင့်အတွက်တော့ အရမ်းပျော်ရွှင်ရတဲ့ နေ့လေးပါပဲလေ။

"happy birthday to you......happy birthday to you.....happy birthday dear ရှင်းသန့်နေခြည်မောင်..... happy birthday to you.......ရေး........."

မောင်ချစ်သော အညာသူ ( gl fic)   completeWhere stories live. Discover now