17{U+Z}

4.2K 152 0
                                        

"မောင်.."

အနောက်က ခေါ်သံကြောင့် လှည့်ကြည့်မိတော့ ယမုံ။ယမုံက ဝရံတာမှာရပ်နေတဲ့ မောင့်ဘေးမှာ လာရပ်လို့ ကောင်းကင်ကို မော့ကြည့်ပြီး သက်ပြင်းလေးရှိုက်လို့

"မောင် ဒီနှစ်တွေမှာ တစ်ရက်မှ မောင့်ကို မေ့မရခဲ့ဘူး မောင်ရယ်"

ပြောကာ မောင့်ကိုကြည့်လာတဲ့ ယမုံ။မောင့်ရဲ့ လက်ကို အသာကိုင်လို့

"လွမ်းနေခဲ့တာ မောင်...မောင်ရော ယမုံ့ကို မလွမ်းဘူးလား"

"ယမုံ"

မောင်က ပြောကာသာ လက်ကို ယုတ်လိုက်တော့ ယမုံက ရီသည်။ထို့နောက်

"ဘာလဲမောင် ယမုံ့ရဲ့ အသားကို မကိုင်ချင်လောက်အောင်...... "

"မဟုတ်ပါဘူး ယမုံ...."

"မဟုတ်ဘူး...ဒါဆို...ဘာလို့.....ဘာလို့ လက်ကို အကိုင်မခံနိုင်ရတာလဲမောင်"

"ယမုံ ငါက အခု ယမုံ့မမရဲ့ ချစ်သူနော်"

မောင်ပြောတော့ ယမုံက နှုတ်ခမ်းပါးတို့ တွန့်ရုံမျှပြုံးလို့ ဝရံတာမှာ လက်ထောက်ပြီး

"အဲ့တော့ ဘာဖြစ်သလဲမောင်"

"ယမုံနဲ့ နီးနီးကပ်ကပ်နေတာ မကောင်းဘူးထင်တယ်"

"မောင် ယမုံ့ကို အားနာစိတ်လေးတောင် မဖြစ်မိဘူးလား"

ယမုံပြောတော့ မောင်က ယမုံ့ကို ကြည့်ကာ

"အရာရာအတွက် တောင်းပန်ပါတယ် ယမုံ ဒါ့ကြောင့်..."

"ဟာ့...အခုလိုပြောရုံနဲ့ ပြီးရောလားမောင်...ငါလေ ငါ မောင့်ကြောင့်နဲ့ ဘာတွေကို ဖြတ်သန်းခဲ့ရသလဲဆိုတာ သိလားမောင် ဟင် သိလား"

"ယမုံ ဖြစ်ပြီးတာတွေကို မေ့ပြစ်ပြီး အနာဂတ်မှာ ပျော်ပျော်ရွှင်ရွှင် နေကြရအောင်ပါ"

"ဘာကွာလို့လဲမောင်"

"ဘာကိုလဲ ယမုံ"

ယမုံ့အမေးကို မသိသလိုလေး ပြန်မေးမိတော့ ယမုံက

"မမနဲ့ ယမုံ ဘာများကွားသလဲလို့လေ။မောင်က မမကိုတော့ ရွေးချယ်နိုင်ပြီး ယမုံ့ကို ဘာလို့မရွေးချယ်နိုင်ရသလဲဟင်"

မောင်ချစ်သော အညာသူ ( gl fic)   completeWhere stories live. Discover now