"အမျိုးသားလောင်း!!!!"
အံသြမှုနဲ့အတူ ခန္ဓာကိုယ်ဟာလည်း ဘာအသိစိတ်မှမရှိပဲ လေဟာနယ်ထဲ ရောက်သွားသလို။ခင့်ကို ကြည့်တော့လည်း ခင်ဟာ ကိုရှိုင်းကို ကြည့်နေတယ်။ခနကြာမှ ခင်က မောင့်ပုခုံးလာပုတ်ပြီး
"မောင်....မောင်...အပေါ်တတ်နှင့်ကွယ် တို့လိုက်ခဲ့မယ်"
မောင်လည်း ခေါင်းညိမ့်ပြပြီးသာ အပေါ်တတ်ခဲ့တယ်။ခြေလှမ်းတွေဟာလည်း အသက်မဲ့သလို ခံစားချက်တွေဟာလည်း ရှုပ်ထွေးလျက်
အခန်းထဲရောက်တော့ တင်းထားသမျှ ပြေလျော့သွားဟန် ကြမ်းပြင်ပေါ်မှာ ခွေခနဲ့ လဲကျသွားတဲ့မောင်။ဘာမှမရှိတဲ့ ကြမ်းပြင်ပေါ်ကိုသာ စိုက်ကြည့်နေမိပြီး ခေါင်းထဲမှာ ပေါ်လာတာက
"ခင့်ရဲ့ အမျိုးသားလောင်းပါ"ဆိုသော စကားများသာ ထပ်သလဲလဲ ကြားနေရခြင်းနှင့်အတူ ကြမ်းပြင်သို့ ခစားလာကြသော မျက်ရည်ပေါက်များ
"မဟုတ်ဘူး....မဟုတ်ဘူး.....ငါ...ငါ...ခင့်ကို ယုံပါ့မယ်လို့ ကတိပေးခဲ့တယ်။ဟုတယ်...ငါ...ငါ...ခင့်ကိုယုံရမယ်"
မျက်ရည်များကို လက်ခုံနဲ့ ပွတ်သုတ်ကာ ကိုယ့်ကိုကိုယ် ပြန်အားယူ၍ ရေချိုးခန်းသို့ ဝင်ခဲ့သည်။ကြမ်းပြင်ပေါ်က မျက်ရည်များကတော့ နာကျင်ကြေကွဲခြင်း၏ အစမှန်း ကြိုသိခဲ့ရင်။
..................
"တို့ကိုတောင် မပြောပဲ ရောက်လာတာပဲ ရှိုင်း"
"အံ့သြသွားအောင်လေ "
ဧည့်ခန်းမှာ မျက်နှာချင်းဆိုင် ထိုင်ကာ ကော်ဖီသောက်ရင်း ရှိုင်းကဖြေတယ်။
" ကိုယ်တို့ လက်ထပ်ပွဲကို ဘယ်ချိန်လောက်လုပ်မလဲခင်"
"ဘာလို့များ လောနေတာလဲ ရှိုင်း"
"လောတယ်ရယ်လို့ မဟုတ်ပေမဲ့ ကိုယ်က မကြာခင် ပြင်သစ်သွားရမှာလေ ဘယ်လောက်ကြာမလဲမသိတော့ စိတ်ချချင်လို့ပါ"
"အင်း........ဒီလိုဆိုတော့..."
ခွမ်း.......
..............
မျက်နှာသစ်ပြီး ပြန်ထွက်လာတော့ ဝယ်လာတဲ့အသီးတွေကို အမှတ်ရတာမို့ မီးဖိုခန်းသွား အသီးတွေနွှာ ရေဆေးပြီး ပန်းကန်ထဲထည့်ကာ ခင်တို့ရှိရာ ဧည့်ခန်းသို့အလာ ကြားလိုက်ရတဲ့စကားကြောင့် ရင်ထဲက နာကျင်မှုမှလွဲ ဘာမှမသိတော့ ကိုင်လာတဲ့ ပန်းကန်လည်း ကြမ်းပြင်ပေါ်သို့ အရုပ်ကြိုးပြတ် ကျခဲ့ရပြီ။
YOU ARE READING
မောင်ချစ်သော အညာသူ ( gl fic) complete
Документальная прозаအညာသူလေးတွေဟာ လှလည်းလှသလို မာယာလည်းများပါတယ်နော်။အညာသူလေးတွေကို ချစ်မိရင်တော့ မျက်ရည်ခိုင်မှ ရမယ်နော်။
