"သူနဲ့ မေက....မဟုတ်မှ...သူနဲ့...မေ."
"ဟုတ်တယ်....မေတို့တွဲနေကြတာမောင်"
"ဘာ..."
မောင့်အသံဟာ ဒေါသကြောင့်ထင် ဟိန်းထွက်လာသလို ယမုံရော ဥက္ကာတို့ပါ အံ့သြသွားကြသည်မှာ အမှန်ပင်။ရတီဆို ရေခွက်တောင် လွတ်ကျသွားသည်ထိပင်။ယမုံ သတိပေးခဲ့သားနဲ့မောင်ရယ်.........
"ဟုတယ်မောင် မေ သူနဲ့တွဲနေတာ ဘာပြဿနာရှိလဲ "
မေက ထိုင်နေတဲ့ မောင့်ရဲ့မျက်နှာကို စေ့စေ့ကြည့်လို့ သူအပြစ်မဟုတ်သလို မျက်နှာပြောင်တိုက်စွာ ပြောနေသည်။မောင်ကလည်း လက်ထဲက ဖုန်းကိုချလို့ မေရဲ့လက်ကိုဆွဲကာ
"ဒါ..ဒါဆို မောင်ကရော..... မောင်ကရော မေ ဟင်..မောင်ကရော"
မေက မောင့်ရဲ့ လက်ကို ခါချလို့
"မောင်ကလား... ဒီတိုင်း မေ ခနကစားကြည့်ရုံပါပဲ..."
"မေ.."
"မအော်နဲ့မောင်...မေက မောင်နဲ့ ဘဝကို ဘယ်လိုရှေ့ဆက်ရမလဲ ဟင် မိသားစုဘဝကိုရော ဘယ်လိုပျိုးထောင်ရမလဲ..နောက်ပြီး မောင်ကလည်း.....အာ့ "
'ဖြန်း....'
"ယမုံ"
မေပြောသမျှကို ခေါင်းငုံ့လို့ နားထောင်နေတဲ့မောင့်ကြောင့် ယမုံပိုဒေါသထွက်မိတယ်ကွယ်။သူ့ဘက်ကမှားတာကို မောင်ကို ပြောဆိုနေတာကို ယမုံ မကြည့်နေနိုင်ဘူးမောင်...
မေ့စကားမဆုံးခင် ယမုံက ခုံမှထလို့ မေ့ကို ပါးရိုက်လိုက်တာကြောင့် ရတီလည်း အံ့သြသွားသလို ဥက္ကာလည်း ကြောင်သွားသည်။မေကတော့ ပါးလေးကို အုပ်လို့ ယမုံ့ကို ဒေါသတကြီး ကြည့်နေပြီး မောင်က မတ်တပ်ရပ်လို့ ယမုံ့ကို ခေါ်သည်။
ယမုံလည်း မောင့်ကို လက်ကာပြလို့ မေ့ကိုကြည့်ပြီး
"တော်သင့်ပြီမေ နင်မောင့်ကို အဲ့လောက်ထိပြောစရာ ဘာတစ်ခုမှ မရှိဘူးမေ။အေး နင် လင်တရူးရူးတယ်ပေါ့ ဘာလဲ မိသားစုဘဝ လိုချင်တယ် ဟုတ်လား ဟာသပဲမေ"
လှောင်ပြုံးလေးပြုံးလို့ ခနဲ့သလိုပြောတော့ အနာပေါ် တုတ်ကျလို့ထင် ဒေါသကြောင့် အသားတွေပင် တုန်လို့လေ။
YOU ARE READING
မောင်ချစ်သော အညာသူ ( gl fic) complete
Não Ficçãoအညာသူလေးတွေဟာ လှလည်းလှသလို မာယာလည်းများပါတယ်နော်။အညာသူလေးတွေကို ချစ်မိရင်တော့ မျက်ရည်ခိုင်မှ ရမယ်နော်။
