42 {U+Z} Final

12.1K 182 5
                                        

"ဒယ်ဒီ...ဒယ်ဒီ.... ရှင်းရှင်း ဒါစားချင်တယ်"

ပန်းခြံထဲက ခုံမှာ ထိုင်ရင်း စားပွဲပေါ်က အချိုပွဲကို တောင်းနေသည့် ရှင်းရှင်းကို ယမုံက ခေါင်းလေးရမ်းလို့

"မရဘူး ရှင်းရှင်း....ချောင်းဆိုးမယ် အချိုတွေ မစားရဘူး"

"ဟာ...မာမီကလည်း ရှင်းရှင်းက တစ်ခုပဲ စားမှာပါ"

"မရဘူးဆို မရဘူးပဲနော် မာမီ့ကို စိတ်ဆိုးစေချင်တာလားပြော"

"ယမုံ ကလေးကို မဆူပါနဲ့ "

အနောက်က မောင့်ရဲ့အသံကြောင့် လှည့်ကြည့်မိတော့ မောင်နဲ့ မမက ဖျော်ရည်တွေ သယ်လာရင်း စားပွဲထက် နေရာချကာ ဘေးက ခုံတွေမှာ ထိုင်ပြီး

"ရှင်းရှင်း တီတီ့ပေါ် လာထိုင်လာ"

မောင်က သူ့ပေါင်ကို ပုတ်ပြတော့ ရှင်းရှင်းက မောင့်ပေါ်ထိုင်ရင်း မောင်ပေးတဲ့ ကွတ်ကီးကို သဘောတကျ စားနေသည်လေ။မေနဲ့ ရတီကတော့ ဒန်းပေါ်မှာထိုင်ရင်း စာအုပ်ဖတ်နေသည်။

"ရတီ နင်ဘာမှ လာမကူတော့ဘူးလားဟင်"

"အကုန် ပြီးနေပြီပဲကို ငါက ဘာလာကူရဦးမှာလဲ"

စာအုပ်လေးကိုပိတ်လို့ မောင့်ကို ပြန်ပြောနေပေမဲ့ မေ့ရဲ့ အနားကတော့ မခွာပါလေ။ရတီနဲ့မေ တရားဝင်တွဲပြီးထဲက အမြဲ တတွဲတွဲပါပဲ။

"ဒါနဲ့ မောင် နင့်မိဘတွေ သိပြီးပြီလား"

ယမုံမေးတော့ မောင်က ခင့်ကိုကြည့်သည်လေ။ခင်က ခေါင်းငြိမ့်ပြပြီး

"ဒါက ဒီလိုလုပ်မယ်လို့ တီု့တွေးထားတယ်"

"မမ ပြောချင်တာက "

"မမတို့ မဂ်လာပွဲ လုပ်မှာပါ ဒါပေမဲ့ မြန်မာနိုင်ငံမှာက တရားဝင်မဖြစ်သေးဘူးလေ အဲ့တော့..."

"အဲ့တော့ ခင်တို့က ဘယ်လိုလုပ်ချင်လို့လဲ.."

အစ်ကို့ရဲ့ အမေးကို ရတီကပဲ

"အော် ဒီလိုလေ ယမုံနဲ့ အစ်ကို့ရဲ့ မဂ်လာပွဲကို ကျင်းပပေးပြီး ညီမတို့နဲ့ မမခင်တို့ကတော့ အရန်အနေနဲ့ပေါ့"

"မမ အဲ့ဒါက..."

"မမစီစဥ်တာကို မငြင်းနဲ့ ယမုံ..... မမဘဝမှာ အဖြစ်ချင်ဆုံး ဆန္ဒက မမချစ်ရတဲ့ ညီမလေးရဲ့ မဂ်လာပွဲကို သေချာလေး စီစဥ်ပေးချင်ခဲ့တာပဲ...မမဆန္ဒကို ဖြည့်စည်းပေးမယ်မလားဟင်"

မောင်ချစ်သော အညာသူ ( gl fic)   completeWhere stories live. Discover now