"ဘာလို့လိုက်လာတာလဲ အစ်ကို"
ညနေကစကားဝိုင်းအပြီး ညနေစာစားပြီးနောက် အားလုံး ကိုယ့်အခန်းကိုယ်သာ ဝင်ကာနားနေကြသည်။ရှင်းရှင်းလေးကတော့ မေနဲ့အိပ်နေသည်မို့ ယမုံနဲ့ ရောင်နီ ခြံထဲသာ ဆင်းလာခဲ့သည်။ခြံထဲက ခုံလေးမှာထိုင်လို့ ယမုံက မေးသည်။
"အင်း...ကိုယ် သတိရလို့"
"အစ်ကိုကတော့လေ"
နှစ်ယောက်သာဟာ ပြန်တိတ်ဆိတ်သွားပြီး မျက်စိရှေ့က ရေကန်ထဲက ရေပြင်ကိုသာ ကြည့်နေမိသည်။ဒီတစ်ခါတော့ ကိုရောင်နီကပဲ သူ့အပေါ်ကုတ်ကိုချွတ်လို့ ယမုံ့ကို ခြုံပေးကာ
"သူမကို ချစ်နေတုန်းပဲလား"
"မသေချာဘူးအစ်ကို"
အဖြေရော မေးခွန်းရောဟာ တိုးတိတ်စွာပဲ ထွက်ပေါ်လာသည်။
"ကိုယ့်မှာ မျှော်လင့်ချက်ရှိသလား"
ယမုံ့ကိုကြည့်မလာ ကောင်းကင်ကိုသာ မော့ကြည့်လို့ မေးလာတဲ့အစ်ကို့ကို ယမုံလည်း ပြန်ကြည့်လို့ သက်ပြင်းလေးရှိုက်ကာ ရေပြင်ကိုကြည့်လျက်
"အစကတော့ နာကျင်စေချင်ပေမဲ့ သေချာစဥ်းစားကြည့်တော့ ကိုယ်ကိုယ်တိုင်ပူလောင်နေသလို ခံစားရတယ်"
"ယမုံ အတိတ်ကို ထားခဲ့ပြီး အခုလက်ရှိမှာ ပျော်ရွှင်စေချင်မိတယ်"
"အစ်ကိုရယ် ယမုံ မမကို နာကျင်မှုတွေပဲ ပေးခဲ့မိတာ အရင်ကရော အခုရောပေါ့....မမကို အားနာမိတယ်"
"နေသားကျပြီးသားအရာတွေကို ပြန်တူးဆွတာက ဘယ်သူ့အတွက်မှ ကောင်းမလာနိုင်ဘူးယမုံ...သေချာပြန်စဥ်းစားပေါ့ ဒီလိုတွေ လုပ်နေရတာက ယမုံတကယ် လိုချင်ခဲ့တာလားဆိုတာလေ..သေချာတွေးပါ... တစ်ခုတော့မှတ်ထား ယမုံ့ဘေးမှာ အစ်ကိုအမြဲရှိတယ် "
"........."
"နောက်ပြီး ရှင်းရှင်းကို ချစ်ရဲ့နဲ့ ဟန်မဆောင်နဲ့ယမုံ ကလေးက ဘာအပြစ်မှမရှိသလို ဒီပြဿနာကြား မြေစာပင်တော့ မဖြစ်စေချင်ဘူးကွယ်"
"ရှင်းရှင်းကို ယမုံ ချစ်ပါတယ်အစ်ကို ဝမ်းနဲ့လွယ်ပြီးမွေးခဲ့ရတဲ့ သမီးလေးကို ချစ်တာပေါ့အစ်ကိုရယ်"
YOU ARE READING
မောင်ချစ်သော အညာသူ ( gl fic) complete
No Ficciónအညာသူလေးတွေဟာ လှလည်းလှသလို မာယာလည်းများပါတယ်နော်။အညာသူလေးတွေကို ချစ်မိရင်တော့ မျက်ရည်ခိုင်မှ ရမယ်နော်။
