28{U+Z}

2.9K 93 0
                                        

"ဒေါက်..ဒေါက်...ဒေါက်"

"မောင် ပြီးပြီးလား သွားရအောင်လေ နောက်ကျတော့မယ်"

အတန်းသွားဖို့ စောင့်နေပေမယ့် မောင်က ခုထိ အခန်းထဲက ထွက်မလာသေးတာမို့ တံခါးခေါက်ပြီး ခေါ်တော့လည်း အထဲက အသံမကြား။နောက်ဆုံး စိတ်မရှည်တော့တာမို့

"မောင် မြန်မြန်လုပ်လေ ယမုံတို့ နောက်ကျတော့မယ်..မောင်...ယမုံပြော......"

"ပြီးပါပြီ ယမုံရယ် မထွက်လာမချင်း အော်နေမလားမသိဘူး"

"ငြိုငြင်တာလားမောင် "

အရှေ့ကနေ တရပ်စက် မရပ်မနား အော်နေတဲ့ ယမုံကြောင့် အခန်းတံခါးအမြန်ဖွင့်ပြီး စကားပြန်တော့လည်း သူလေးက မျက်စောင်းလေးခဲလို့ နှုတ်ခမ်းဆူကာ မေးနေပြန်ပြီလေ။

"မဟုတ်ပါဘူး ယမုံရယ် မငြိုငြင်ရဲပါဘူးဗျာ...မငြိုငြင်ရဲပါဘူး"

ထိုသို့ပြောတော့ အပြောင်းအလဲ​မြန်တဲ့ ယမုံက ပြုံးလို့ မောင့်လက်ကိုဆွဲပြီး

"လာ မောင် ဒီနေ့ အန်တီက မုန့်ဟင်းခါး လုပ်ပေးထားတယ် မြန်မြန်လာ စားပြီးမှ သွားရအောင် လာ..."

ပြောလည်းပြော ဇွတ်ဆွဲခေါ်တဲ့ ယမုံ့နောက်ကို အသာတကြည် လိုက်ခဲ့ရသည်။မဟုတ်ရင် သူလေးက စိတ်ဆိုးဦးမည်လေ။

.............

"ငါ မိတ်ဆက်ပေးစရာ ရှိသေးတယ်ယမုံ"

"ငါနဲ့လား"

ကန်တင်းမှာထိုင်ကာ ရေခဲမုန့်စားရင်းမှ ကိုယ့်ကိုယ်ကို လက်ညှိုးထိုးလို့ မေးလာတဲ့ ယမုံ့ကို ခေါင်းငြိမ့်ပြကာသာ

"အင်း..ဟုတယ်"

"ဘယ်သူနဲ့လဲ"

"လာရင် သိမှာပေါ့ဟ အံ့သြသွားစေရမယ် ယမုံ"

"ဟုပါပြီ...ဟုပါပြီ..စောင့်ကြည့်ရတာပေါ့ မောင်"

ခေါင်းလေး တဆက်ဆက်ငြိမ့်လို့ ရေခဲမုန့်ပဲ ဆက်စားနေတဲ့ယမုံဟာ အခုလိုကျ ကလေးလေးလိုပင်။

..............

" ညနေ အတန်းလည်း ပြီးပြီဆိုတော့ ပန်းခြံသွားကြရအောင်လေ"

မောင်ချစ်သော အညာသူ ( gl fic)   completeWhere stories live. Discover now