Dancing with Demon Twins - 2

1.5K 120 8
                                    


"အား အမေရိကန်လေကို ရှူရှိုက်နေရတာကိုက လွတ်လပ်နေတာ ဟွန်းရာ"

အမိုးဖွင့်ထားတဲ့ ပြိုင်ကားပေါ်ထိုင်လိုက်ရင်း Victorio က ကားမောင်းနေတဲ့ Victory ကို လှမ်းပြောသည်။ Victory ကတော့ ဘာမှ ပြန်မပြောဘဲ သူ့အမြွှာအစ်ကိုကို တစ်ချက်ကြည့်ကာ ပြုံးမိသွားသည်။

လွတ်လပ်တဲ့လေရယ်လို့ ရှိပါ့မလား။ Rio က ကြောက်ရမယ့်သူတစ်ယောက်မှ မရှိတဲ့ အမေရိကန်မြေမှာမို့ အရမ်းပျော်နေပုံပါ။ Vic လည်း ပျော်ပေမယ့်လို့ သူက အထိန်းအကွပ်တော့ရှိသေးသည်။ Rio ကတော့ ကိုးရီးယားမှာကတည်း လုပ်ချင်ရာလုပ်ပြီးမှ အဆူခံလိုက်တာမျိုးပင်။ တက်တူးလေးရဲ့ စိတ်ဆိုးတာကို အခံရဆုံးကလည်း Rio ပါပဲ။

"ဟွန်း ဟေ့ရောင် ငါတို့ တက်တူးအသစ်သွားထိုးကြရအောင်"

"မျက်နှာမှာတော့ မထိုးတော့ဘူး ယောင်းရာ တခြားနေရာမှာပဲ ထိုး"

"ဘာလဲ ဒါဆို ငါက တင်ပါးမှာထိုးရမှာလည်း ဟွန်းရာ"

"အဟင်း ယောင်းထိုးချင်ရင် ထိုးပေါ့ တင်ပါးမှာက မြင်ရတာမှ မဟုတ်တာ"

"တကယ်ပါပဲ မင်းက အဖေချစ်သားအလိမ္မာလေး ဖြစ်နေတုန်းလား ဟွန်း"

"ဟော မရစ်နဲ့ ယောင်းရာ မင်းလည်း သိတာပဲ တက်တူးလေးက တားမြစ်ထားတယ်လေ"

"တက်တူးလေးလည်း မျက်နှာမှာ တက်တူးနဲ့ပဲကို အဖေဆိုပြီး ချုပ်ခြယ်နေတာ"

"ပြီးရင် မင်းပဲ တက်တူးလေး တက်တူးလေးဆိုပြီး မျက်နှာငယ်လေးနဲ့ လိုက်ချော့ရတာနော် ယောင်း"

"ဒါကတော့ ဒယ်ဒီက တက်တူးလေး စိတ်ဆိုးရင် ငါတို့ကို မဲတာကိုးကွ အဲ့တော့ စိတ်ပြေအောင် အမြန်ချော့ရတာပေါ့"

"အဟင်း"

Rio ရဲ့ အပြောကို ရယ်ရင်းသာ တုံ့ပြန်လိုက်တော့တဲ့ Vic ။ တကယ်ဆိုရင် တက်တူးလေး စကားမပြောရင် အနားတကပ်ကပ်နဲ့လိုက်ချော့နေတာ သိတာမို့ ပြိုင်ပြောမနေတော့။ ဒယ်ဒီ့နီးပါး အိန္ဒြေမရတဲ့ Rio ရယ်ပါ။

ပြီးတော့ Rio ကောင်းမှုနဲ့ Vic ပါ ညာဘက်မျက်လုံးအောက်မှာ တက်တူးစာရှည်တစ်ခုရှိနေသည်။ ဘာတဲ့ " We are demon twins but we love each other deeply" ဆိုပဲ။ အဲ့ဒီတက်တူးထိုးပြီး အိမ်ပြန်‌တဲ့ညကဆို တက်တူးလေးဆူပူသောင်းကျန်းလို့ ဒယ်ဒီတောင် တားယူရတဲ့အထိ။

DaNcInG with DeMoN TwInSWhere stories live. Discover now