Dancing with Demon Twins -12

1.1K 98 9
                                    

Ian Jey ခုတလော နေရထိုင်ရတာ တစ်ခုခုလိုနေသလို ဖြစ်နေသည်။ ဒါကြောင့် တက္ကသိုလ်လည်း မသွားဖြစ်သလို ကားပြိုင်ပွဲလည်း မသွားဖြစ်။ တစ်ယောက်တည်းကွက်ပြီး လေလွင့်‌နေ၏။ Victory တို့ခြံ‌ရှေ့ကိုလည်း ဘာကြောင့်မှန်းမသိ ခဏ ခဏ သွားနေမိတယ်။ တိတ်ဆိတ်နေတဲ့ခြံကြီးရှေ့မှာ ကားကိုရပ်ထားရင်းသာ ကားအစိမ်းလေးများထွက်လာမလား တော်တော်ကြာစောင့်‌နေမိတတ်သည်။ ပွင့်မလာတော့တဲ့ ခြံတံခါးကိုသာ ကြည့်ရင်း အဖြေရှာမရတဲ့ပုစ္ဆာလိုမျိုး ရင်ဘတ်ထဲမှာ ဟာတာတာခံစားချက်က အပြည့်။

ဒီနေ့တော့ အိပ်ယာထဲမှာ လှဲနေရင်းသာ ငြိမ်ငြိမ်လေးနေနေမိ၏။ ကားစက်သံကြားလိုက်တာမို့ ထကာ မှန်တံခါးကနေ ကြည့်လိုက်သည်။ ဆင်ဝင်အောက်မှာ Nomio ရဲ့ ကားဖြစ်နေတာမို့ ဆက်ကြည့်နေလိုက်၏။ Nomio ပြောတော့ ကြာမယ်ဆိုပြီး အခုက တစ်ညသာ အိပ် ပြန်လာသည်။

ကားထဲကထွက်လာတဲ့ Nomio က တစ်ဖက်ကတံခါးကို သွားဖွင့်ကာ တစ်ခုခုကို သယ်နေ၏။ Ian Jey အပေါ်ထပ်က‌နေ စိတ်ဝင်တစားကြည့်နေမိသည်။ Nomio က အိပ်‌ပျော်နေတဲ့လူတစ်ယောက်ကို ပွေ့ချီပြီး အိမ်ထဲဝင်သွားတယ်။ Ian Jey မျက်လုံးတွေက အံ့ဩမှုကြောင့် အရင်ကထက် ပိုကျယ်လာ၏။ ဟိုအမြွှာတစ်ကောင်.... Victory ရဲ့ အမြွှာကောင်ကို ခေါ်လာတာ။

Ian Jey အိပ်ခန်းထဲကနေ အောက်ထပ်ကို ပြေးဆင်းလာမိတော့ လှေကားပေါ်တက်ဖို့ လုပ်နေတဲ့ Nomio နဲ့ ထိပ်တိုက်တိုးသည်။

"ခင်ဗျား သူ့ကို ဘာလို့ခေါ်လာတာလဲ Nomio"

Ian Jey အမေးကို ပြန်မဖြေဘဲ အေးစက်စက်တစ်ချက်ကြည့်ပြီး အပေါ်တက်သွား၏။

"Nomio ခင်ဗျား အခု ဘာလုပ်နေတာလဲ Victory ရော ဘယ်မှာလဲ"

ထပ်အော်မေးလိုက်တော့ စိတ်ပျက်သလို လှည့်ကြည့်လာသည်။

"တိုးတိုးမနေနိုင်ဘူးလား ငါ့ကလေး အိပ်နေတာနိုးသွားမယ်"

"Victory ရောလို့ သူ့ကို ဘာလုပ်လိုက်တာလဲ"

"ဘာမှ မလုပ်ဘူး ရှိချင်တဲ့နေရာမှာ ရှိမှာပေါ့"

"ခင်ဗျား အခု အဲ့တစ်ယောက်ကို ဖမ်းခေါ်လာတာမလား ကျုပ် Victory ကို သွားပြောမယ်"

DaNcInG with DeMoN TwInSWhere stories live. Discover now