Special Episode 🖤‼️

1.7K 88 6
                                    

Ian Jey မျက်နှာကို ရီဝေဝေမျက်လုံးတွေနဲ့ စိုက်ကြည့်လာတဲ့ Victory ။ မျက်တောင်လေးကို တချက်ခတ်ရင်း မျက်လုံးလေးတွေကို မှေးစင်းပစ်သည်။ သူ စဉ်းစားသွားရပါသည်ပေါ့။ Victory ရဲ့ အပြုအမူလေးတွေ တခုချင်းကို အသေးစိတ်လိုက်ကြည့်နေမိတဲ့ Ian Jey ကတော့ နှလုံးသားတွေရော၊နှုတ်ခမ်းတွေပါ ယားလာရ၏။

တကယ်ကို Victory က သူ့ကို ဖျက်စီး(ဖျက်ဆီး)ပစ်လာမယ့်အချိန်ကို Ian Jey မစောင့်နိုင်တော့ပါ။

"ဟင် ဘယ်လိုလဲ Victory  ငါ့ကို ဖျက်စီး(ဖျက်ဆီး)ပစ်မှာလား ဟင်"

လေသံ ခပ်တိုးတိုးနဲ့ Victory ရဲ့ နား နားကပ်ကာ ပြောလိုက်တော့ ကိုယ်လေးတုန်တက်သွားသည်။ Victory မမြင်အောင် Ian Jey  တချက်ပြုံးလိုက်ပြီးမှ မျက်လုံးတွေထဲကို အသနားခံသလို စိုက်ကြည့်လိုက်၏။

"ငါ ငါ မင်းကို ဖျက်ဆီးပစ်မှာ Ian Jey ..ငါ့အမြွှာလေးကို အပိုင်ယူသွားတဲ့ ဘဲကြီးကို လက်စားချေပစ်မှာ မင်းကို ငါ ဖျက်ဆီးပစ်မယ် အမေရိကန်ကောင်"

Ian Jey ကို စိုက်ကြည့်ကာ ပြော‌နေရင်း ဆိုဖာပေါ်တွန်းလှဲပစ်လိုက်တဲ့ Victory ။ ဆိုဖာလက်ရန်းပေါ် အလိုက်သင့်လေးလဲကျပေးတော့ Ian Jey ခါးပေါ်ကို တက်ထိုင်၏။

Tee လက်ရှည်ဝတ်ထားတာမို့ Ian Jey ရဲ့အင်္ကျီကို အတင်းလှန်တင်ပြီး ရင်ဘတ်တွေကို ပွတ်သပ်လာ၏။ အပေါ်စီးကနေ မျက်လုံးတွေကို မှေးစင်းကြည့်နေပုံက ချစ်စရာလူယုတ်မာကလေးနဲ့ တူနေသေးသည်။

ခေါင်းကိုငုံ့ချလာပြီး Ian Jey ရဲ့ လည်ပင်းတွေဆီ လာအပ်ကာ လျှာနဲ့ တို့ထိ တို့ထိလာလုပ်၏။ Victory ကြောင့် Ian Jey တစ်ကိုယ်လုံးကြက်သီးမွှေးညင်းတွေ ဖြန်းကနဲ ထရသည်။

အခုချက်ချင်း ဆွဲချကာ အပေါ်က တက်အုပ်လိုက်ချင်ပေမယ့် Ian Jey က Victory တာဝန်ယူတာခံချင်သေးတယ်။ စိတ်ကို နောင်အနာဂတ်အတွက် ထိန်းချုပ်ပြီး အံ့ကို တင်းတင်းကြိတ်ထားရသည်။

Victory ကတော့ Ian Jey လည်ပင်းတွေကို ရန်ရှာနေဆဲ။ လျှာနဲ့လျက်လိုက်၊ သွားနဲ့ကိုက်လိုက် လုပ်နေ၏။

Ian Jey ရဲ့ ညီငယ်လေးကလည်း တင်းကျပ်နာကျင်နေပြီး အပြင်ကို ထွက်လာချင်နေပြီ။ ဒါပေမယ့် Victory က အခုထိ Ian Jey အဝတ်တွေကို မချွတ်သေး။

DaNcInG with DeMoN TwInSWhere stories live. Discover now