Dancing with Demon Twins -29

830 84 13
                                    

"Rio လေးရေ ကိုယ် ပြန်လာတယ်"

Jeynomio အခန်းထဲဝင်လာတဲ့အထိ အရိပ်ကလေးတောင်မမြင်ရတဲ့ Rio ။ ရေချိုးခန်းတံခါးကို သွားဖွင့်ကြည့်လိုက်သည်။ အလွယ်တကူပွင့်သွားတဲ့တံခါးက Nomio ကို လှောင်နေသလိုပင်။ Club သွားချင်ပါတယ်လို့ ဆိုလာတဲ့ Rio ကြောင့် Nomio ဒီနေ့ ခပ်စောစောတောင် ပြန်လာခဲ့တာ။

အခုတော့ သိပ်ချစ်စရာကောင်းတဲ့ယောက်ျားလေးက Nomio ကိုတောင် မစောင့်နိုင်ဘဲ သွားတယ်။ ပျော်ဖို့ပါးဖို့ဆို Rio တို့က ထိပ်ဆုံးကနေ လိုက်၏။

Nomio စိတ်ကို လျှော့ချလိုက်ပြီး ဖုန်းကို ခေါ်မိသည်။ တတူတူမြည်နေတဲ့ဖုန်းသံကြား ဒေါသက ထွက်ချင်လာ၏။ New York မြို့တစ်မြို့လုံးအပြင် California အထိပါ လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိတဲ့ Nomio ရဲ့ ဩဇာတွေက Rio အပေါ်‌တော့မသက်ရောက်နိုင်။

ချစ်လွန်းလို့ အလိုလိုက်ပြီး မျက်နှာတချက်မညှိုးစေရသမျှက ခုလိုဆိုးသွမ်းဖို့ ဖြစ်လာတာ။

သုံးခါမြောက်ခေါ်ဆိုမှုအပြီးမှာတော့ Jeynomio တခြားနံပါတ်တစ်ခုကို ခေါ်လိုက်သည်။

"ပြော"

မာဆတ်ဆတ်အသံက ဘေးနားရှိရင် နားပန်ကျင်းပစ်ချင်စရာ။

"Rio ကို ဖုန်းပေးလိုက် Ian Jey"

"သူနဲ့ပြောချင် သူ့ဖုန်းကိုဆက်လေ ဒါက ကျုပ်ဖုန်းလေ"

"‌ငါ့ကို ပြန်ပြောမနေနဲ့ Ian Jey ...မင်းတို့ အခု ဘယ် Club မှာလဲ"

"ခင်ဗျား Club မှာတော့ မဟုတ်ဘူး Nomio သိချင် ခင်ဗျားဘာသာလိုက်ရှာ ဒါပဲ ကျုပ်အချစ်လေး ခေါ်နေပြီ ဪ ဒါနဲ့ ကျုပ်က အခု Ian Jey မဟုတ်တော့ဘူး Ian Jeon ဖြစ်သွားပြီ ခင်ဗျားသိဖို့ အဟင်း"

"အာ တောက် ဒီ Ian Jey ဆိုတဲ့ကောင်ကတော့ကွာ"

တီကနဲ ကျသွားတဲ့ဖုန်းသံအဆုံး Nomio တစ်ယောက် ဒေါသတွေ တကယ်ထွက်လာသည်။ တစ်ယောက်တည်းရှိတဲ့တူ Ian Jey ဆိုတဲ့ကောင်က မျိုးရိုးကိုပါ သူ့သဘောနဲ့သူပြောင်းချင်နေတယ်။ Jey Family ရဲ့ သိက္ခာကို ဒီကောင်က အဟုတ်ကို ချနေတာ။

Jeynomio အဝတ်တောင်မလဲတော့ဘဲ အောက်ကို ပြန်ဆင်းလာလိုက်တယ်။ ဧည့်ခန်းတွင်ထိုင်နေသော Ken က Nomio ကိုမြင်တော့ သတိအနေအထားနဲ့ မတ်တပ်ထရပ်၏။

DaNcInG with DeMoN TwInSWhere stories live. Discover now