Dancing with Demon Twins - 19

1.1K 106 7
                                    

အချိန်က ညနက်သန်းခေါင်ယံအချိန်။ Victory ရဲ့ ခြံရှေ့မှာ ရပ်ထားတဲ့ Ian Jey  ရဲ့ ခရမ်းရောင်ပြို‌င်ကားလေး။ အကြောင်းပြချက်ရေရေရာရာမရှိပေမယ့် ဒီတိုင်းပဲ ရပ်နေမိတာ တော်တော်ကြာကြာ။

Louis တို့အတွက် ဆေးရုံကားခေါ်ပြီး ဆေးရုံထိလိုက်ပို့ကာ စစ်ဆေးပြီးတဲ့အထိ စောင့်ပေးခဲ့သည်။ သေလောက်တဲ့ဒဏ်ရာ မရှိဘူး စိတ်ချရပြီဆိုမှ Louisတို့ မိဘတွေဆီ ဖုန်းဆက်အကြောင်းကြားပေးရတာ။ Ian Jey ကောင်တွေနိုးလာရင်တောင် ဘယ်လိုမျက်နှာချင်းဆိုင်ရမှန်းမသိ။ ကားမှန်တွေချပြီး စီးကရက်တွေကို သောက်မိတာ တလိပ်ပြီးတလိပ်။ နောက်ဆုံးကျန်တဲ့တလိပ်ကုန်သွားချိန် Ian Jey လက်တွေက ဖုန်းကို လှမ်းယူမိသည်။

Devil Emoji နဲ့ မှတ်ထားတဲ့ Contact တစ်ခုကို နှိပ်လိုက်တော့ ချက်ချင်းဝင်သွား၏။ နှစ်ကြိမ်မြောက်ခေါ်ဆိုမှုကျမှ ကိုင်လာတဲ့ ဖုန်းလေး။ တဖက်က အိပ်ချင်မူးတူးအသံနဲ့ ပြန်ထူးလာတယ်။

"Hello"

"အင်း Victory ငါ Ian Jey"

"ဟင် အချိန်မတော်ကြီး ဘာကိစ္စလဲကွာ"

"အပြင်ထွက်လာခဲ့ပါလား ကားပတ်စီးရအောင်"

"ရူးနေတာလား ငါ့ဒယ်ဒီ ဆူမှာပေါ့"

"မသိအောင် ခိုးထွက်လာကွာ မင်းနဲ့ငါ သူငယ်ချင်းတွေလေ ငါအခု စိတ်မကောင်းဖြစ်နေတယ် လာနှစ်သိမ့်ပေး"

"အာ Shit တကယ်ပါပဲ ဘယ်လိုကောင်မျိုးက မင်းလို ပြောလဲ"

"ထွက်လာမယ်မလား Victory ဟင်"

"ကျစ် လာမယ်ကွာ ခဏစောင့်"

Victory အိပ်ချင်ပြေသွားရပြီး ပွယောင်း‌‌ယောင်းဆံပင်တိုတွေကို ပိုဖွပစ်လိုက်သည်။ ညအိပ်ဝမ်းဆက်နဲ့ပဲ အခန်းပြင်ထွက်လာကာ ဟိုစမ်း ဒီစမ်းနဲ့ ဆင်းလာရ၏။ အကုန်လုံးအိပ်နေကြတယ်ဆိုပေမယ့် မီးလည်း မဖွင့်ရဲ။ အပြင်ထွက်ခွင့်ကို ဒယ်ဒီက ပိတ်ထားတာမို့ မိသွားရင် စိတ်ဆိုးလိမ့်မည်။ Ian Jey အသံက တမျိုးဖြစ်နေတာမို့သာ Vic ခိုးထွက်ဖို့ ဆုံးဖြတ်လိုက်မိတာ။ တကယ်ကို ကောင်းကျိုးမပေးတဲ့ အမေရိကန်ကောင်။

ခြံထဲရောက်လာတော့ တဝက်တပျက်သာနေတဲ့ လရဲ့အလင်းရောင်ကြောင့် တော်သေး၏။ ခြံတံခါးကို Remote ဖြင့် လူတစ်ကိုယ်စာထွက်ရရုံဖွင့်ပြီး အဆင်သင့်ရှိနေတဲ့ ကားပေါ်တက်လိုက်သည်။ ကားတံခါး ဆောင့်ပိတ်ပြီး Ian Jey ကို ကြည့်လိုက်တော့ Vic လုပ်သမျှလိုက်ကြည့်နေတာ..အညိုအမဲစွဲနေတဲ့မျက်နှာနဲ့။

DaNcInG with DeMoN TwInSWhere stories live. Discover now