Dancing with Demon Twins -33

888 78 17
                                    


"ဟိုကောင် Ian Jey"

ဂျွန်ဂျောင်ကုရဲ့ လေသံမာမာအောက်မှာ တက္ကသိုလ်သွားဖို့ အောက်ဆင်းလာတဲ့ Ian Jey ရဲ့ ခြေလှမ်းတွေ တန့်သွားရသည်။ ပြီးတော့ ချက်ချင်းပြန်ထူးလိုက်ဖို့ကိုလည်း မမေ့ပါ။

"ဗျာ ဒယ်ဒီ"

"အပင်တွေ ရေသွားလောင်း"

"ဗျာ ကျုပ် အဲ ကျွန်တော် မနက်စောစောက လောင်းထားပြီးပြီ ဒယ်ဒီ"

"အခု ငါ့စကားကို ငြင်းလိုက်တာလား မင်း"

"ဗျာ ကျွန်တော် အခု သွားလောင်းလိုက်မယ် ဒယ်ဒီ"

Ian Jey ဘေးလွယ်အိတ်ကို စားပွဲပေါ်တင်ခဲ့ကာ ခြံထဲအမြန်ဆင်းလာလိုက်တယ်။ အခုတလော Victory တို့ဒယ်ဒီရဲ့ Jeynomio ကို မကျေနပ်သမျှက Ian Jey အပေါ်သာ စုပုံချလို့နေတာ။ မခေါ်ချင်ပေမယ့် တော်စပ်နေတဲ့သွေးသားအရ Jeynomio ရဲ့ တူဖြစ်ရတဲ့ဒုက္ခများကို Ian Jey အပီအပြင်ခံစားနေရပါ၏။

သူ့သားကိုလိုချင်တော့လည်း သူ့အဖေမျက်နှာသာကြည့်နေရတဲ့ Ian Jey ပါပင်။

ဘောင်းဘီရှည်ကို ဒူးအထက်အထိခေါက်တင်လိုက်ပြီး ရေပိုက်ကိုဖွင့်ကာ မျက်စိရှေ့ရှိ ပန်းအိုးများကို ရေဖြန်းလိုက်တော့တယ်။

"Ian ရေ မင်းက ကျောင်းတက်မှာကို လွယ်အိတ်က မေ့ကျန်ခဲ့သေးတာလား သွားရအောင် ဟင် ဒါ ဘာလုပ်နေတာလဲ"

‌Ian Jey ရဲ့ဘေးလွယ်အိတ်ကို လက်ကဆွဲပြီး အိမ်ရှေ့ထွက်လာတဲ့ Victory က အသံနဲ့အတူ လူပါအနားရောက်လာသည်။

"ခဏလေး ၁၅ မိနစ်ပဲစောင့် အချစ်လေး ကားပေါ်အရင်သွားနှင့်လိုက်"

"မနက်ကလည်း မင်း ရေထလောင်းထားသေးတယ်မလား Ian ဘာလဲ ဒယ်ဒီထပ်ခိုင်းတာလား ဒါလွန်လွန်းတယ်မဟုတ်ဘူးလား"

"ဒါ ငါ့အတွက် ပါးပါးလေးပါ Victory ရာ ဘာမှမဖြစ်ပါဘူး ဒယ်ဒီ့ကိုသွားပြောမနေနဲ့ ငါ့ကို ပိုမုန်းနေမယ် နော် အချစ်လေး"

"အနိုင်ကျင့်လို့ရတဲ့လူကျ အတင်းကာရောကျင့်နေတော့တာ ဒယ်ဒီတို့က ဟိုဘဲကြီးကျ ဘာမှမလုပ်ဘူး တကယ်ကို မတရားဘူး ပြီးတော့ Ian Jey မင်း ခုလိုမျိုး ငြိမ်ခံနေရင် ငါစိတ်တိုတယ်နော် ငါက မင်းကို တာဝန်ယူထားတဲ့သူလေ ငါ့အရိပ်အောက်မှာ အနိုင်ကျင့်ခံနေရတော့ ငါအသုံးမကျသလိုဖြစ်နေပြီ အကုန်လုံးကို စိတ်တိုရတယ်"

You've reached the end of published parts.

⏰ Last updated: Aug 07 ⏰

Add this story to your Library to get notified about new parts!

DaNcInG with DeMoN TwInSWhere stories live. Discover now