Dancing with Demon Twins -31

1.2K 91 14
                                    

အိပ်ပျော်နေတဲ့ Victory ကို ပွေ့ချီကာ အိမ်ထဲကို Ian Jey တိတ်တိတ်ဆိတ်ဆိတ်ဝင်လာလိုက်သည်။ Password နဲ့ ဖွင့်ရတဲ့တံခါးတွေအဖြစ် ဒယ်ဒီဂျွန်ဂျောင်ကုက ပြန်ပြောင်းထားတာမို့ အိမ်ပြန်နောက်ကျလည်း ကိစ္စတော့မရှိ။

အိမ်ထဲရောက်တာနဲ့ Ian Jey သွားရာလမ်းတစ်လျှောက် ညအိပ်မီးလိုမျိုး အလင်းရောင်ခပ်မှိန်မှိန်မီးလုံးလေးတွေက ပွင့်လာ၏။ Sensor တပ်ဆင်ထားတာမို့ Ian Jey အပေါ်ထပ်ရောက်တဲ့အခါ ပြန်ပိတ်သွားသည်။

သတိထားပြီး ခြေလှမ်းခပ်ဖွဖွနဲ့ Victory ရဲ့ ဒယ်ဒီတို့အိပ်ခန်းရှေ့က ဖြတ်ရသေးတယ်။ ဟူး...Victory နဲ့ သူ့ရဲ့ အခန်းရှေ့ရောက်မှာသာ သက်ပြင်းချပြီး တံခါးဖွင့်လိုက်သည်။

"ဘယ်အချိန်ရှိနေပြီလဲ Ian Jey"

ရုတ်တရက် အနောက်ကနေကြားလိုက်ရတဲ့အသံကြောင့် Ian Jey ရဲ့ ဆံပင်ရှည်တွေ ထောင်တက်သွားသလို ခံစားချက်။ တကယ်ကိုပဲ မသိစေချင်ကာမှ မိသွားရသည်။

"ကျုပ် အဲ ကျွန်တော့်မှာ နာရီမပါဘူး ဒယ်ဒီ့ဘာသာကြည့်လိုက်ပါလား"

အနောက်ကို ခေါင်းငဲ့ကြည့်ရင်း အစွမ်းကုန်ရယ်ပြကာ ဖြေလိုက်မိတယ်။

"ဘာကွ ငါက ဘယ်အချိန်လဲသိတယ် မင်းမသိလို့ မေးနေတာလေ Ian Jey "

"ဒယ်ဒီဂျွန်ဂျောင်ကု တိုးတိုး တိုးတိုးပြောပါ ကျွန်တော့် Victory လေး နိုးသွားဦးမယ်"

Ian Jey ရဲ့ အပြောကြောင့် ဂျွန်ဂျောင်ကု ဟူးကနဲ သက်ပြင်းတွေ မှုတ်ထုတ်လိုက်ရတယ်။ ဘယ်လိုကောင်နဲ့ လာတွေ့နေရတာလဲ။ သားနှစ်ယောက်စလုံး ရွေးထားတဲ့ကောင်တွေက တစ်ယောက်မှ အချိုးပြေမနေ။

"ဟိုဟာ ကျွန်တော့်ကို ပြောစရာမရှိတော့ရင် အခန်းထဲဝင်တော့မယ် အချိန်သိချင်ရင်လည်း Victory ကို အိပ်ယာပေါ် နေရာချပေးပြီးမှ ပြန်လာပြောပေးမယ်လေ ဒယ်ဒီ"

"ခွေးကောင် ငါ့ကို ဒယ်ဒီ ဒယ်ဒီနဲ့ လာခေါ်မနေနဲ့  ပြန်လည်း ထွက်မလာနဲ့ မနက်ကျမှ ငါနဲ့ မင်း တွေ့မယ်"

"ဟုတ်ကဲ့ပါ ဂျွန်ဂျောင်ကု"

"ဘာ Ian Jey ဒီကောင် တောက်"

DaNcInG with DeMoN TwInSWhere stories live. Discover now