Dancing with Demon Twins -15

1K 95 9
                                    

"မနေ့ကစ ငါတို့ သူငယ်ချင်းဖြစ်သွားပြီလေ Victory ငါ့သူငယ်ချင်းက ငါ့လူပဲ"

Victory မျက်လုံးတွေထဲကို တော်တော်ကြာစိုက်ကြည့်နေပြီးမှ Ian Jey ပေးလိုက်တဲ့အဖြေ။ ဗလာဖြစ်နေတဲ့မျက်ဝန်းတွေထဲမှာ Ian Jey ရှာတွေ့တာဆိုလို့ ဘယ်ဘက်မျက်လုံးထဲက မှဲ့လေးတစ်လုံး။ ထပ်ပြီးစိုက်ကြည့်နေမိရင် ပိုအရူးရင့်လာမှာက Ian Jey ပါ။

အဖြေကိုကြားတော့ ဟက်ကနဲတချက်ရက်ပြီး ထကာ အပေါ်ကို ပြေးတက်သွားတဲ့ Victory ။ Victory က သိပ်လည်သည်။ Ian Jey ကို ခိုင်းချင်ရင် သူငယ်ချင်းဆိုတဲ့ ခေါင်းစဉ်အောက်ကနေတောင် ခိုင်းလို့ရမှန်းသိနေပါရဲ့နဲ့။ ဆံပင်ရှည်တွေကို လက်နဲ့တစ်ချက်သပ်ချကာ Ian Jey အပေါ်လိုက်တက်လာလိုက်တော့တယ်။

"တက်တူးလေး"

Victory တတိယထပ်က ဧည့်ခန်းထဲရောက်တော့ နိုးနေပြီဖြစ်တဲ့ ဒယ်ဒီတို့တွေ။ ဒယ်ဒီနဲ့ တက်တူးလေးကြားတိုးဝင်ထိုင်ရင်း တက်တူးလေးကို ဖက်ကာ ငိုမိသည်။

"ဟွန်းကစ် ဘာဖြစ်လာတာလဲဟင် ပါးကလေးလေး"

မျက်နှာကိုဆွဲယူကာ မျက်ရည်တွေသုတ်ပေးရင်း လည်ပင်းက နီရဲနေတဲ့လက်ရာကို ခပ်ဖွဖွထိပြီး တက်တူးလေးက စိုးရိမ်တကြီးမေးလာ၏။

"ဟင့် ယောင်းကိုတွေ့တယ် Jeynomio ခေါ်ထားတာ ဟင့် ဟွန်းနဲ့ ယောင်းက တသက်လုံးအတူတူနေလာတာ အင့် ယောင်းနဲ့ မခွဲနိုင်ဘူး ဟင့် တက်တူးလေး"

"တိတ် တိတ်ပါ ပါးကလေးလေးရယ် ဘယ်သူကမှ ပါးကလေးလေးတွေကို ခွဲလို့မရစေရဘူးနော်"

"ဟင့် အင့် ဟွန်း နောက်တခါ မဆိုးတော့ပါဘူး လူကြီးတွေပြောတာနားထောင်မှာမို့ အင့် ယောင်းကို ရအောင်ခေါ်ပေးပါ"

Vic တက်တူးလေးကို ဖက်ထားပြီး ပခုံးအပ်ကာငိုရင်းပြောမိသည်။ ကျောပြင်ကို ပွတ်သပ်ပေးပြီး တက်တူးလေးက နှစ်သိမ့်ပေးတော့ Vic ပိုဝမ်းနည်းရ၏။

ချစ်ရတဲ့အမျိုးသားက မျက်နှာမကောင်းသလို ဟွန်းကစ်ကပါငိုနေတာမို့ ဂျွန်ဂျောင်ကု စိတ်တိုလာရတယ်။

"တောက် ဒီကောင်ကွာ ငါတို့ကလေးကို လည်ပင်းညှစ်လိုက်တယ်ပေါ့ ဒီခွေးကောင်က စကားနဲ့မပြောတတ်ဘူးလား"

DaNcInG with DeMoN TwInSWhere stories live. Discover now