Dancing with Demon Twins - 21‼️‼️

1.6K 97 11
                                    

New York မြို့ ညခင်းရဲ့ ညလေအေးမှာ ပြိုင်ကားကို အမိုးဖွင့်ပြီး မောင်းနေတဲ့ Victory ။ အရှိန်တင်မောင်းနှင်နေတာမို့ လာရိုက်ခတ်တဲ့လေအေး‌တွေက မျက်နှာပြင်ထက် စပ်ဖျင်းဖျင်း။ လေမှာ လွင့်ချင်တိုင်းလွင့်နေတဲ့ ဆံပင်တွေလိုမျိုး Victory ရဲ့ စိတ်တွေလည်း ရှုပ်ထွေးနေသည်။ မျက်လုံးဆီမှ စပ်ဖျင်းဖျင်းခံစားချက်ကလည်း ‌လေအရှိန်ကြောင့်သာ ဖြစ်ချင်၏။

ဦးတည်ရာမဲ့ အရှိန်တင်မောင်းနှင်နေရင်း တပတ်ပြန်လည်လာတဲ့ လမ်းမတွေ။ ဘယ်ကိုသွားရမှန်းမသိသည်မို့ မောင်းမိမောင်းရာ မောင်းချလာသည်က Jey Family ရဲ့ အိမ်...တနည်း ယောင်းရှိနေမယ့် နေရာဆီ။ ခြံ‌ကြီးရှေ့မှာ ကားကိုထိုးရပ်ကာ အမိုးပြန်ပိတ်ပြီး ယောင်းမကြားနိုင်မှန်းသိပေမယ့် ဟွန်းကို အဆက်မပြတ်တီးနေမိတယ်။

မွေးကတည်းက မိနစ်ပိုင်းသာခြားကာ အပြင်လောကကို ရောက်လာပြီး အမြဲအတူတူရှိခဲ့တဲ့ Victory ရဲ့ အမြွှာလေး။ အတူတူဆိုးသွမ်းပြီး စိတ်တူကိုယ်တူပျော်နေရတုန်းမှာ ရုတ်တရက်ကြီး ပြောင်းလဲသွားတဲ့ အခြေအနေကြီး။ Victory ရဲ့ ရင်ဘတ်ထဲမှာ လစ်ဟာနေပြီး လက်တွေ့ကို လက်ခံရန် ခက်ခဲလွန်းနေသည်။

ကမ္ဘာတဖက်ခြမ်းမှာ တယောက်တည်းကျန်ခဲ့သလိုမျိုး အထီးကျန်ဆန်လွန်းတဲ့ ခံစားချက်ကြီး။ ရှေ့ဆက်ဘယ်လိုဖြတ်သန်းရမလဲ မသိတော့တဲ့အထိ Victory လမ်းပျောက်ရ၏။ Victory ရဲ့ အမြွှာလေးက အခုတော့ တခြားလူရဲ့ အပိုင်ဖြစ်သွားခဲ့ပြီ။

ကားမှန်ကို လာခေါက်နေတဲ့သူကြောင့် Vic ဟွန်းတီးတာကိုရပ်ကာ မှန်ချပေးလိုက်သည်။ ထင်တဲ့အတိုင်း Ian Jey ဖြစ်လို့နေကာ မအပ်စပ်တဲ့စကားကို ပြော၏။

"တံခါးဖွင့်ပေး ငါ ကားထဲဝင်ချင်လို့"

"ဘာကိစ္စဝင်မှာလဲ"

Vic ခပ်တင်းတင်းမေးလိုက်တော့ ရယ်ကျဲကျဲလုပ်ပြကာ လက်တဖက်နဲ့ လည်ပင်းကို ပွတ်နေသည်။

"ဒီလိုပဲ ဝင်ချင်လာလို့ မင်းဘေးနားထိုင်ချင်လို့ကွာ ဖွင့်ပေး လူက စိတ်ညစ်နေရင် အဖော်ရှိမှ အဆင်ပြေတာလေ ဒါကြောင့်..."

"ဘယ်သူက စိတ်ညစ်နေလို့လဲ ဘာအဖော်မှ မလိုဘူး"

"မင်းမညစ်လည်း ငါညစ်တယ်ကွာ ငါ အဖော်လိုတယ် ဖွင့်ပေး"

DaNcInG with DeMoN TwInSWhere stories live. Discover now