Dancing with Demon Twins - 8

1.1K 99 10
                                    


Nomio အလုပ်သွားဖို့ဆင်းလာတော့ သုံးယောက်ထိုင်ဆိုဖာကြီးပေါ်လှဲကာ TV ကြည့်နေတဲ့ Ian Jey ။

"Ian Jey"

ခပ်ဆတ်ဆတ်ခေါ်လိုက်တော့ ပြန်ထူးတဲ့လေသံကအစ အချိုးမပြေ။

"ပြော"

မသိရင် Nomio က Ian Jey လုပ်စာကို ထိုင်စားနေရသလိုမျိုး။ တကယ့်တကယ်မှာ သူရှာသမျှကို တစိမ့်စိမ့်ထိုင်ဖြုန်းနေတာက Ian Jey ဆိုတဲ့ကောင်။ တစ်ဦးတည်းသောတူမို့သာ ကြည့်နေရသည်။ တက္ကသိုလ်လည်း မှန်မှန်မတက်...ပြိုင်ကားပေါ် ဖင်ပူအောင်ထိုင် မောင်းပြီး Club သွားဖို့လောက်သာ ခေါင်းထဲရှိတယ်။

"မင်း ကျောင်းသွားဖို့ စိတ်ကူးမရှိဘူးလား"

"နေ့လည်မှ သွားမှာ"

"အဟင်း ကျောင်းမတက်ချင်လည်း နားလိုက် ပြီးရင် Jey Family ရဲ့ လုပ်ငန်းစုတွေကို ဦးစီးဖို့ပြင်"

"ကျုပ်မှ နားမလည်တာ ခင်ဗျားပဲ လုပ်လေ"

"ဒီနေ့မှ မသွားရင် တစ်သက်လုံးမသွားနဲ့တော့ Ian Jey "
"နောက် အမြွှာလေးတွေနဲ့ ရန်ထပ်မဖြစ်နဲ့"

"ဘာလို့ ရန်စရင်တော့ မတတ်နိုင်ဘူး ငြိမ်ခံနေရအောင် သူတို့က ကျုပ်အဖေမှ မဟုတ်တာ"

"ရန်စလည်း မင်းက သည်းခံလိုက် ပြန်မလုပ်နဲ့"

ပြောပြီး ခပ်စူးစူးတစ်ချက်ကြည့်ကာသာ ထွက်လာလိုက်သည်။ Ian Jey က ဘာကို မကျေမနပ်ဖြစ်နေသလဲတော့ Nomio မသိ။ အရင်ကထက် ဂျစ်တိုက်နေသည်။

Jeynomio ရဲ့ ကားထွက်သွားတဲ့အသံကြားတော့မှ Ian Jey လှေကားဆီ ဦးတည်လိုက်သည်။ Ian Jey တတိယထပ်ကို တက်ပြီးကြည့်ချင်နေတာ ကြာလှပြီ။ အိမ်အကူတွေ ရောက်လာတဲ့နေ့မှာ Nomio က သူ့အထပ်ကို တစ်ယောက်ပဲ တက်ပြီး သန့်ရှင်းရေးလုပ်ဖို့ သေချာမှာနေတာ။ ထပ်ခါ ထပ်ခါ သတိပေးနေတာမို့ Ian Jey သိချင်လာသည်။

"အဟား"

တက်လိုက်တာနဲ့ ကြမ်းခင်းမှာ အကောင်းစားကတ္တီပါကော်ဇာအထူကြီးကို အရင်တွေ့ရတယ်။ နင်းလိုက်တော့ ခြေဖဝါးကနေ ခံစားနေရတဲ့ နူးညံ့အိစက်မှု။ လျှောက်လမ်းကျယ်ကနေ ဧည့်ခန်းဘက်ထွက်လာတော့ အဖြူနဲ့အနီ ရောစပ်နေတဲ့ ဧည့်ခန်းအပြင်အဆင်။

DaNcInG with DeMoN TwInSWhere stories live. Discover now