Dancing with Demon Twins - 14

1.1K 100 8
                                    

"ဟင်းးး ဝါးး"

Victorio အိပ်ယာနိုးလာပေမယ့် မျက်လုံးမဖွင့်သေးဘဲ အရင်ဆုံးလုပ်မိတာက အပျင်းကြောဆန့်တာ။ အိပ်ရေးဝဝအိပ်လိုက်ရလို့ထင် ခေါင်းကြည်ပြီး အားအင်ပြည့်နေသလိုခံစားရသည်။ ဘေးနားက Victory ကို လက်ဖြင့်လိုက်စမ်းကြည့်တော့ နေရာလွတ်ကိုသာ စမ်းမိ၏။

မျက်လုံးတွေကို မဖွင့်ချင် ဖွင့်ချင်နဲ့ ဖွင့်ကြည့်မိတော့ ရဲရဲတောက်နေတဲ့ အိပ်ခန်းကြီး။ မီးဖွင့်ထားတာမို့ ညဘက်ဖြစ်လောက်မည်။ မြင်နေရတဲ့ အနီရောင်မျက်နှာကျက်‌ကြောင့် ကြည်နေတဲ့ခေါင်းတွေကိုက်လာသည်။ ဘယ်လိုအရူးကများ မျက်နှာကျက်ကို အနီရောင်လုပ်ထားတာလဲ။ ဒါ့အပြင် အဖြူရောင်နံရံတွေမှာပါ အနီရောင်အနားကွပ်ထားသေး၏။ Rio ကျောခင်းထားတဲ့ အိပ်ယာကြီးကလည်း အနီရောင်၊ ခြုံပေးထားတဲ့စောင်ကလည်း အနီရောင်။ စောင်ကို ကန်ထုတ်ကာ အိပ်ယာပေါ်က အရင်ထလိုက်သည်။

Rio ဒီအခန်းထဲကို ဘယ်လိုရောက်လာလဲ စဉ်းစားရင်း အပြင်ထွက်ဖို့ တံခါးလိုက်ရှာလိုက်၏။ အပေါက်ရှာမတွေ့တာမို့ စိတ်တိုလာရတယ်။ ‌နံရံကပ်သစ်သားစင်ကြီးကို စိတ်ပေါက်ပေါက်ဖြင့် ခြေထောက်နဲ့ လေးချက်လောက် ကန်ပစ်လိုက်သည်။

စင်ကြီး ရွေ့သွားတာမို့ Rio အလန့်တကြား နောက်ဆုတ်မိတယ်။ ရွေ့သွားတဲ့နေရာမှာ ပေါ်လာတာက ကျွန်းသစ်သားတံခါးတစ်ခု။ အနားသွားကာ တွန်းဖွင့်ပြီး Rio ဝင်သွားလိုက်တော့ အိပ်ခန်းတစ်ခန်းပင်။ နံရံကိုလိုက်စမ်းပြီး တွေ့တဲ့မီးခလုတ်တစ်ခုကို ဖွင့်လိုက်သည်။ အခန်းအပြင်အဆင်က အညိုနဲ့ အဖြူကို မျှတစွာ ‌သုံးစွဲထားတဲ့ Vintage ဆန်ဆန် ပုံစံမျိုးပင်။ အခုမှ အသက်ရှူချောင်သွားသလို ခံစားချက်မျိုးရသွားသည်။

အိပ်ယာပေါ် ခဏထိုင်လိုက်ရင်း Rio ကိုယ့်အကြောင်းကိုယ် အေးဆေးပြန်စဉ်းစားရတယ်။ California မှာ Jeynomio က Rio ကို အိမ်ပြန်ပို့ပေးမယ်ဆိုလို့ သူ့ကားပေါ် တက်တယ်။ နောက် သူပေးတဲ့လက်ကိုင်ပုဝါနဲ့ နှာခေါင်းကို နှစ်ခါလောက် သုတ်တယ်။နောက် .....ဘာဆက်ဖြစ်လဲ မသိတော့တာ။

အားလုံးက Jeynomio ဆိုတဲ့ ဘဲကြီးလက်ချက်ပဲ။ ပြီးတော့ Rio အခုရှိနေတာက California မှာပဲလား။ မဟုတ်ရင် ဘယ်မှာလဲ။ သေချာအောင် အပြင်ထွက်ကြည့်ရမည်။

DaNcInG with DeMoN TwInSWhere stories live. Discover now