Dancing with Demon Twins -32

981 88 21
                                    

[Unicode]

မနက်စာစားနေရင်း ဝင်လာတဲ့ဖုန်းကိုကိုင်ပြီးနောက်  မျက်ခုံးတန်းတွေ ထိစပ်မတတ်တွန့်ချိုးသွားမိရတာက Jeynomio ။

"တံခါးသာ ဖွင့်ပေးလိုက်"

Nomio ပြောရင်းဖုန်းချကာ Rio ဆီလှမ်းအကဲခတ်လိုက်သည်။ ဘေးမှာ မနက်စာကိုသေချာအာရုံစိုက်စားဟန်ဆောင်နေတဲ့ Rio ရဲ့ နားနှစ်ဖက်က အရင်ကထက် ပိုထောင်နေသလိုပင်။ အဟင်း စိတ်ထဲကသာတချက်ရယ်မိရင်း မနက်စာဆက်စားနေလိုက်၏။

အိမ်ကိုမဖိတ်ဘဲရောက်လာတဲ့ဧည့်သည်တွေကြောင့် Jey Family အိမ်ကြီးမှာ ဆူဆူညံညံဖြစ်ရဦးမည် ထင်။

"Rio တော်ပြီ ဧည့်ခန်းထဲသွားဦးမယ် ဘဲကြီး"

ကြည့်လိုက်တော့ တို့ကနန်းဆိတ်ကနန်းသာစားထားတဲ့ ပေါင်မုန့်မီးကင်နှစ်ချပ်။

"မသွားရဘူး ကိုယ်စားတာစောင့်ဦး ပြီးမှသွားရမယ်"

"ဟွန့် ဘာလို့လဲ"

"Rio လေး ပြောကြည့် ဘာလို့လဲဆိုတာ"

"Rio က ဘယ်လိုလုပ်သိမလဲ"

မျက်လုံးကိုအပေါ်လှန်တင်ပြီး ပြောလာတဲ့ Rio ကိုကြည့်ကာ Nomio နှုတ်ခမ်းထောင့်စွန်းလေးတစ်ဖက် ကွေးသယောင်ဖြစ်သွားရသည်။

"Jeynomio ဆိုတဲ့ကောင် ဘယ်မှာလဲ"

Nomio မနက်စာကို လက်စသတ်လိုက်ချိန်မှာပဲ ကြားလိုက်ရတဲ့ မာထန်နေတဲ့အသံ။ တဆက်တည်းမှာ ထမင်းစားခန်းဘက်ကို လျှောက်လာတဲ့ဖိနပ်သံတွေကိုပါ ကြားလိုက်ရတယ်။

တကယ်ကို ယဉ်ကျေးမှုမရှိကြတဲ့ ကိုးရီးယားတွေပါလား။

"Jeynomio"

Nomio ကို အော်ခေါ်ရင်း ထမင်းစားခန်းထဲ ဖိနပ်သံခပ်ပြင်းပြင်းနဲ့ ဝင်လာတဲ့ Rio အဖေ ဂျွန်ဂျောင်ကု။ အနောက်ကနေပါလာတာက ဂျွန်ဂျောင်ကုအသည်းကျော် ကင်မ်ထယ်ယောင်းနဲ့ Jey Family ဂုဏ်ဆောင် Ian Jey ဆိုတဲ့ကောင်။

"Jeynomio"

"ဘာလဲ"

Nomio ဆီလျှောက်လာပြီး နာမည်ကိုပဲခေါ်နေတာမို့ ခပ်မာမာပြန်ထူးလိုက်တယ်။ Jeynomio ဆိုတဲ့နာမည်ကို လက်လွတ်စပယ်ခေါ်စရာလို့များ ထင်နေလားမသိ။ Nomio မတ်တပ်ထရပ်လိုက်တော့ Rio ကပါ လိုက်ရပ်သည်။

DaNcInG with DeMoN TwInSWhere stories live. Discover now