Dancing with Demon Twins -20

1.2K 104 7
                                    

Jey Family ရဲ့ လက်ရှိဆက်ဆံသူ Jeynomio ရဲ့ လက်ထပ်မင်္လာပွဲကြီး။ မှန်အပြည့်ဖြင့် ကာရံဆောက်လုပ်ထားသော Jey Family ပိုင်ဆိုင်သည့် သုံးဆင့်ခမ်းမကျယ်ကြီးတွင် ကျင်းပမည်။ ကြိုတင်ကြေညာထားခြင်းမရှိဘဲ ကျင်းပမည့်‌ရက်မနက်ပိုင်းမှ Jey Family ရဲ့ Social Media တွင် ကြေညာကာ Media များအား ဖိတ်ခေါ်ထားခြင်း။ ကျင်းပနေစဉ်အတွင်း ရုပ်သံလိုင်းများမှတဆင့် တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်ကာ  Jeynomio ရဲ့ လက်တွဲဖော်အား တရားဝင်ကြေညာမည်။ ပွဲချိန်နီးကပ်လာပြီဖြစ်သော်ငြား အဓိကဇာတ်ဆောင်များအား မတွေ့ရသေးပါ။ ဖိတ်ခေါ်ခံရသော Media များမှာလည်း သိချင်စိတ်ပြင်းပြမှုကြောင့် လည်တဆန့်ဆန့်။

အားလုံးက နေရာချပေးထားသောထိုင်ခုံတန်းများမှာ ထိုင်နေကြပြီး အရှေ့မှာကာရံထားသော ကန့်လန့်ကာ အနီရောင်ကြီးကိုသာ ထွင်းဖောက်မြင်နေရသလို စိုက်ကြည့်နေကြတော့သည်။

ပွဲချိန်ရောက်ဖို့ ၃၅ မိနစ်အလိုတွင် တဖြည်းဖြည်းချင်းလိပ်တက်သွားသော ကန့်လန့်ကာကြီး။ ပေါ်လာတဲ့မြင်ကွင်းထဲက ခမ်းမအပြင်အဆင်က ရင်သပ်ရှူမောဖွယ်ရာ။ အားလုံး ဓာတ်ပုံရိုက်ဖို့မေ့နေကြသည်အထိ ခမ်းနားခြင်းအပြည့်။ မြင့်မားသောအဖြူရောင်မျက်နှာကျက်မှာ ချိတ်ဆွဲထားသော တန်ဖိုးမြင့် မီးဆိုင်းအလှကြီး။ ခမ်းမအပြင်အဆင်ကို အဖြူရောင်တွေသာ အသုံးပြုထားပြီး ကတ္တီပါလျောက်လမ်းတွင် နှင်းဆီပွင့်ဖတ်အဖြူများ အပြည့်ခင်းထား၏။ လျှောက်လမ်းဘေးမှာတော့ အနီရောင်နှင်းဆီပန်းပင်များကို အဖြူရောင်ကြွေပန်းအိုးကြီးများဖြင့် တန်းစီချထားသည်။

လျောက်လမ်းဘေးရှိ နေရာကျယ်တွေမှာ မှန်စားပွဲဝိုင်းများကို ခပ်ကျဲကျဲ ချထားပြီး စားပွဲအလယ်မှာ အဖြူရောင်ပန်းအိုးအသေးထဲ နှင်းဆီအနီတပွင့်ထိုးထားသေး၏။ ထိုင်ခုံများကတော့ ကျောမှီတွင် ကျွန်းကနှုတ်များပုံဖော်ထားသော အနီ‌ရောင်ကတ္တီပါထိုင်ခုံများပင်။ အဖြူမှာ အနီဖောက်ထားသလိုမျိုးအပြင်အဆင်ကို သုံးထားသည်မို့ တောက်ပကာ ခမ်းနားထည်ဝါသည်။

အ‌ရှေ့တည့်တည့်ရှိ ကြီးမားသော အဖြူရောင်နံရံပေါ်တွင် ရေးထိုးထားသော အနီရောင် စာတန်းကလည်း ပြတ်ပြတ်သားသား ထင်ထင်ရှားရှား။

DaNcInG with DeMoN TwInSWhere stories live. Discover now