Dancing with Demon Twins - 27

1.2K 105 16
                                    


ကားကို New York ရဲ့ လေဆိပ်ဆီ အရှိန်ပြင်းပြင်းမောင်းနှင်နေတဲ့ ဂျွန်ဂျောင်ကု။ တွေ့သမျှမီးဝါကို အမှီဖြတ်ခဲ့ပြီး အနောက်က တဝီဝီနဲ့ လိုက်လာတဲ့ ယာဉ်ထိန်းရဲ‌တွေကိုလည်း အဖက်မလုပ်နိုင်ပါ။

လေဆိပ်ဆီ ရောက်‌တော့ ကားကို ဖြစ်သလိုရပ်ခဲ့ပြီး အထဲကို အမြန်ပြေးဝင်မိသည်။ အ‌ဆောက်အဦးအထဲမှာ ချာချာလည်အောင်လိုက်ရှာနေရင်း ထိုင်ခုံတန်း‌တွေဆီပါ ရောက်သွား၏။

လေယာဉ်ဆီတက်ဖို့ ထိုင်စောင့်နေတဲ့သူတွေကို ‌သေသေချာချာလိုက်ကြည့်မိ‌တော့ ဂျွန်ဂျောင်ကုကို မကြည်သလို ကြည့်လာကြသည်။

ဂရုစိုက်မနေဘဲ ကိုယ့်လူကိုသာ ဆက်ရှာနေလိုက်‌တော့ လေးတန်းမြောက်ထိုင်ခုံရဲ့ နံရံဘက်ထောင့်စွန်းမှာ အနက်ရောင် Suit ဝတ်ထားတဲ့ တစ်ယောက်သောသူ။

ဂျွန်ဂျောင်ကု လျှောက်သွားလိုက်တော့ မျက်နှာထားခပ်တင်းတင်းနဲ့ထိုင်နေပြီး မသိချင်ယောင်ဆောင်နေ၏။ ဘေးနားမှာလည်း အနက်ရောင် Luggage တစ်ခုရှိနေသေးတာ။

ခပ်တည်တည်နဲ့  ဘေးနားဝင်ထိုင်ပြီး ပေါင်ပေါ်တင်ထားတဲ့လက်ကလေးကို ဆွဲယူကာ ဆုပ်ကိုင်လိုက်‌တော့ ပြန်ရုန်း၏။ လွှတ်မပေးဘဲ ရုန်းနေတဲ့လက်ကို ခပ်ဖွဖွနမ်းရင်း ပြောမိသည်။

"တောင်းပန်ပါတယ် ကိုယ်မှားသွားတာမို့ ‌တောင်းပန်ပါတယ် တက်တူးလေးရယ်"

"ကိုယ့်ကိုတစ်ယောက်တည်း ထားခဲ့ရက်လို့လား ဟင် တက်တူးလေး ကိုယ့်ကို စိတ်ချလို့လား ဟင်"

မျက်နှာငယ်လေးနဲ့ကြည့်ကာ ပြောလိုက်တာတောင် တက်တူးလေးက ဂျွန်ဂျောင်ကုဆီ အကြည့်လေးတချက်တောင်ပို့မလာခဲ့။ ဂျွန်ဂျောင်ကု ခပ်ဖွဖွနမ်းနေတဲ့ သူ့လက်က‌လေးကိုလည်း ဆက်ရုန်းမနေဘဲ ဒီတိုင်းသာ လျစ်လျူရှုထားသည်။

"တကယ်ကြီး ထားခဲ့မလို့လား ဟင် အချစ် ဒီလူဆိုးကောင်က မင်းမရှိရင် မဖြစ်တာ သိရဲ့နဲ့ ..တက်တူးလေးပြန်ရင် ကိုယ်ပါလိုက်ခဲ့မှာ တက်တူးလေး ဘယ်သွားသွား အနောက်ကလိုက်နေမှာ ဒီကလုပ်ငန်းတွေကိုလည်း ဖြစ်ချင်ရာဖြစ် ဒီတိုင်းထားခဲ့လိုက်တော့မယ် တက်တူးလေးမရှိတဲ့အရပ်မှာ ကိုယ်မနေတော့ဘူး"

DaNcInG with DeMoN TwInSWhere stories live. Discover now