Dancing with Demon Twins - 9

1.1K 94 9
                                    


"အင်း ဟုတ်ပြီ Ken ဆက်စောင့်ကြည့်ထား ငါ ဒီညနေ စထွက်လာခဲ့မယ်"

Jeynomio အိမ်အောက်ထပ်က ဧည့်ခန်းကြီးမှာ ထိုင်ဖုန်းပြောနေချိန် Ian Jey အိမ်ထဲဝင်လာ၏။ တစ်ယောက်တည်းမဟုတ်ဘဲ Ian Jey ရဲ့ အပေါင်းအပါတွေပါ ပါလာသည်။ လူငယ်တွေ နေရမခက်စေရန် Nomio အားလုံးကို ခေါင်းတစ်ချက်ဆတ်ပြကာ တတိယထပ်ကိုသာ တက်လာလိုက်တော့တယ်။

Ian Jey တို့ဝင်လာတော့ ခေါင်းတစ်ချက်ဆတ်ပြကာ အပေါ်တက်သွားတဲ့ Nomio ။ အိမ်မှာမရှိလောက်ဘူးထင်ပြီး သူ့ကောင်တွေကို အိမ်ခေါ်လာတာ။ David ကိုတောင် မရ ရအောင် ခေါ်ချလာတာက Ian Jey ရဲ့ သိချင်စိတ်ပြင်းပြနေမှုကြောင့်သာ။ ‌သူ့ကောင်တွေကို မျက်လုံးချင်းစကားပြောပြီး ဧည့်ခန်းမှာပဲထိုင်ကာ Netflix ကို ဖွင့်ထားလိုက်သည်။

သိပ်မကြာခင်မှာပဲ အပေါ်ကနေ Suitcase တစ်ခုနဲ့  Jeynomio က ပြန်ဆင်းလာ၏။ Ian Jey ဘက်ကို တချက်ဝေ့ကြည့်ကာ လမ်း‌လျှောက်မပျက်ဘဲ လှမ်းပြောသွားသည်။

"ငါ အရေးပေါ်ခရီးသွားမှာ ၂ ပတ်လောက်ကြာမယ် Ian Jey အိမ်မှာမွှေမနေနဲ့ဦး မင်းကို သတိပေးထားခဲ့ရဲ့နဲ့ လုပ်ရင် ငါ့အကြောင်းသိမယ်"

Nomio အပြောကို ပခုံးတစ်ချက်တွန့်ကာ Ian Jey ပြန်တုံ့ပြန်လိုက်တယ်။ ကားထွက်သွားသံကြားတော့မှ Louis က ထပြောလာသည်။

"ဟေ့ရောင် Jey မင်းဦးလေးက ကြိုသိနေသလိုကြီး"

"သူက နတ်မျက်စိရှိတာကျလို့ မင်းတို့ ညအိပ်လိုက် ညကျမှ လှုပ်ရှားကြမယ်"

"မဟုတ်ဘူးနော် Jey ငါ အာရုံရနေတယ် တစ်မျိုးကြီးပဲ"

David ကပါ ဝင်ပြောလာတော့ Ian Jey တချက်တွေသွား၏။ Lucas ကို လှမ်းကြည့်တော့ ပခုံးတွန့်ပြပြီး Netflix ကိုပြန်ကြည့်နေသည်။

"မင်းတို့ကလည်းကွာ ငါတစ်ယောက်လုံးရှိတယ် Nomio ကို အဲ့လောက်ကြောက်မနေနဲ့ ငါက သူ့တူပဲလေ သူဘာလုပ်လို့ရမှာလဲ"

"ဒါပေမယ့် ငါတို့က သူ့တူမဟုတ်ဘူးလေ Jey"

Netflix ကြည့်နေရင်း Lucas က ပြောလာတော့ ဟိုနှစ်ကောင်ကပါ ခေါင်းတငြိမ့်ငြိမ့်။

"အေး ကြောက်ရင်လည်း ပြန်ကြတော့"

Ian Jey စိတ်ပေါက်ပေါက်နဲ့ ပြောလိုက်တော့ Louis က လက်မောင်းကို လက်သီးနဲ့လှမ်းထိုးကာ ပြန်ပြော၏။

DaNcInG with DeMoN TwInSWhere stories live. Discover now