Dancing with Demon Twins - 17

1K 98 13
                                    

"အင်း ဟုတ်ပြီ ဆိုဂျွန်း တခုခုဆို ဖုန်းလှမ်းဆက်ပေး ငါ ဒီမှာ ကြာဦးမယ် နောက်ပြီး မစ္စတာပတ်ခ်အားတဲ့အချိန် မင်းသွားတွေ့ပြီး ငါ့ဆန္ဒကို ပြောပြလိုက် နာမည်ခံရုံပဲ ကျန်တာ ငါတာဝန်ယူမယ်လို့ပါ ပြောလိုက်"

"ဟုတ်ကဲ့ပါ Boss"

Video Call နဲ့ ပတ်ခ်ဆိုဂျွန်းကို ဂျွန်ဂျောင်ကု လိုအပ်တာတွေ ညွှန်ကြားပြီး Screen ကို ပိတ်ချလိုက်သည်။Jey Family အိမ်မှ ပြန်ရောက်ကတည်းက အခုထိ မအိပ်ဖြစ်သေး။ ခေါင်းက ထိုးကိုက်သလို နှလုံးသားကလည်း တဆစ်ဆစ် နာကျင်နေ၏။

ညကလည်း ဟွန်းကစ်က ဖျားပြီး အပူတွေတက်လာတာမို့ ဂျွန်ဂျောင်ကု ထိုင်စောင့်ပေးနေဖြစ်သည်။ ဟွန်းကစ်ကို ပြုစုပေးရင်း ကင်မ်ထယ်ယောင်းရဲ့ နဖူးပေါ်စီးကျလာတဲ့သွေးတွေရယ်၊ ငိုနေတဲ့ပုံတွေရယ် မျက်လုံးထဲကမထွက်။ အခုထိလည်း အဆင်ပြေပါ့မလား၊ နေ‌ရောကောင်းပါ့မလား စိုးရိမ်စိတ်က တရိပ်ရိပ်ပါ။ ဒါကို စိမ်းရက်လေသူက နားလည်မှာမဟုတ်။ အဆင်ပြေ၏၊ မပြေ၏ ဖုန်းလေးတချက်တောင် ဆက်ဖော်မရ။

ဂျွန်ဂျောင်ကုဆိုတဲ့ ကောင်ကို ပစ်ပစ်ခါခါကြီး လုပ်နေတာ။ တချက်လေးတောင်မတိုင်ပင်ဘဲ ကင်မ်ထယ်ယောင်းက သူ့သဘောသူဆောင်ကာ ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာရအောင် လုပ်ပစ်သည်။ ယောင်းလုံးလည်း ဂျွန်ဂျောင်ကုချစ်ရတဲ့ ရင်နှစ်သည်းခြာသားလေးပါပဲ။ စိတ်မပူလို့ မချစ်လို့ မဟုတ်။

Jeynomio ဆိုတဲ့ကောင်က ယောင်းလုံးကို အရူးအမဲသားစားရသလို ရူးနေတာ ဂျွန်ဂျောင်ကုမြင်နေရသည်။ အဲ့ဒီကောင်က ယောင်းလုံးကိုတော့ ထိခိုက်အောင်လုပ်မှာမဟုတ်။ ဒါပေမယ့် တခြားသူတွေကိုကျ နည်းနည်းမှ ညှာတာလိုစိတ်မရှိ။ ဟွန်းကစ်လေးကို လည်ပင်းညှစ်လိုက်တာပဲကြည့်။ သူ့ဟာဆိုမှ သူ့ဟာပဲ သိတဲ့ကောင်မျိုး။ ကင်မ်ထယ်ယောင်းကို ထိခိုက်အောင်လုပ်ပစ်မှာ ဂျွန်ဂျောင်ကု ဘယ်လောက်စိုးရိမ်နေရသလဲ။

Jeynomio ရဲ့ နယ်ထဲရောက်နေတာမို့ မလှုပ်သာဖြစ်နေ၏။ ကိုးရီးယားမှာဆို ဂျွန်ဂျောင်ကု ဂရုစိုက်မနေ။ Jeynomio ကလည်း ကျားမှ တကယ့်ကျား... လည်လွန်းပုံက သူတို့အားလုံးကို အမေရိကန်ကို ရောက်လာစေတာပဲ ကြည့်။ ဒီကောင်က အကုန်အစီအစဉ်ဆွဲထားပြီးသားပင်။ သားဇောနဲ့ သတိလက်လွတ်လာခဲ့မိတဲ့ ဂျွန်ဂျောင်ကုတို့ဘက်က သေချာစီစဉ်ဖို့လိုသွားသည်။

DaNcInG with DeMoN TwInSWhere stories live. Discover now