Dancing with Demon Twins -7

1K 96 5
                                    

Victorio ခေါင်းဆီကို ရိုက်ပစ်လိုက်တဲ့ ဖန်ပုလင်းကို လက်နဲ့ ရိုက်ထုတ်ပစ်လိုက်တဲ့ Jeynomio။ ရှပ်အင်္ကျီလက်ရှည်ကို တံတောင်ဆစ်အထိ ခေါက်တင်ထားတာမို့ လက်ဖျံရိုးက အကြောစိမ်းတွေ မြင်နေရသည်။ ဖန်ကွဲစထိသွားတဲ့နေရာကလည်း သွေးတွေထွက်လာတယ်။ ဒါပေမယ့် အေးစက်နေတဲ့ မျက်နှာအမူအယာက တစ်ချက်ပြောင်းမသွား။ အပြာရောင်မျက်လုံးတွေက ပိုတောက်လာပြီး သားရဲတကောင်ရဲ့အကြည့်လို စူးရဲနေသည်။

Nomio သူ့အနောက်ကပါလာတဲ့လူတွေဆီ အကြည့်ခပ်စူးစူးတချက် ပေးလိုက်တော့ အုပ်စုဖွဲ့ရမ်းကားနေတဲ့ကောင်တွေကို ဆွဲထုတ်သွား၏။ မကျေမနပ်ဆဲဆိုပြီး ရုန်းရင်းဆန်ခတ်ပါသွားတဲ့ကောင်တွေ...Nomio လူတွေက အရှိုက်ကို တစ်ချက်စီ ပိတ်ထိုးလိုက်တော့မှ အသံတိတ်သွားကြတယ်။

"မျက်နှာလှလှလေးက ဒဏ်ရာရလို့ ဘယ်ဖြစ်မလဲ ကလေးရဲ့"

Rio ရဲ့ နား နားကပ်ကာ ခပ်ဩဩအသံနဲ့ ပြောလာတာမို့ တစ်ကိုယ်လုံး အေးစိမ့်သွားသည့် ခံစားချက်။  ပြီးတော့ ဟိုအမေရိကန်ကောင်ကို ခပ်စိမ်းစိမ်းတစ်ချက်ကြည့်ကာ အပြင်ပြန်ထွက်သွားတဲ့ ဘဲကြီး။ ဒီအမေရိကန်ဘဲကြီးကတော့ ပစ်ကြွေချင်စရာကောင်းနေပြီ။ Rio တစ်ယောက် ခေါင်းကွဲမယ့်အရေးက လွတ်သွားရပေမယ့် ဒီဘဲကြီးရဲ့ စူးရှတဲ့အပြာရောင်မျက်ဝန်းတွေအောက် ပိတ်မိသွားတော့မည် ထင်။

လှည့်မကြည့်လည်း သူ့ကျောပြင်တဆုံးလိုက်ကြည့်နေမယ့် သတ္တဝါလေးကို မြင်ယောင်မိတော့ Nomio မျက်ဝန်းတွေထဲ အရောင်တချို့ဖြတ်‌ပြေးသွားသည်။ နား နားကပ်ပြောလိုက်ချိန်တုန်းက ရလိုက်သည့် Rum ရနံ့နဲ့ ရောထွေးနေတဲ့ ကိုယ်သင်းနံ့လေး။ တစ်သက်စာအနားမှာရှိဖို့ဆို ဒီဘဲက ဘာတွေပဲလုပ်ရ လုပ်ရပေါ့ အဟင်း။

"ယောင်း အဆင်ပြေရဲ့လား"

"ေဩာ အင်း ပြေတယ် ပြန်ကြရအောင် ဟွန်း"

"အင်းပါ"

Victorio လက်ကိုဆွဲကာ Club အပြင်ကို ထွက်သွားတဲ့ Victory ။ အခုထိရပ်ကြည့်နေတဲ့ Ian Jey ရဲ့ ပခုံးကို ခပ်ပြင်းပြင်းဝင်တိုက်ပြီး ခြေထောက်ကို တက်နင်းပစ်ခဲ့ဖို့လည်း မမေ့ပါ။

DaNcInG with DeMoN TwInSWhere stories live. Discover now