Dancing with Demon Twins - 4

1.3K 115 22
                                    


New York ရဲ့ အထက်တန်းရပ်ကွက်တစ်ခုဆီကို ဝင်လာသော Model မြင့်ကားနက်နှစ်စီး။ ခပ်မြင့်မြင့်အနီရောင်အုတ်တံတိုင်းကာရံထားသော ခြံကျယ်ကြီးရှေ့တွင် ရပ်သွားသည်။

ကား‌နှစ်စီးထဲမှ Baseball ရိုက်တံကိုယ်စီ ကိုင်ထားသော လူ ၁၅ ယောက်ခန့် ဆင်းလာကြ၏။ ဝတ်ဆင်ထားတာက Free Style (T-shirt နှင့် Jean Pants တွေ)သာ ဖြစ်သော်လည်း မျက်နှာပေးများက မာထန်နေသည်။

၁၂ ပေခန့် မြင့်သော အုတ်တံတိုင်းပေါ်ကို တစ်ယောက်ပခုံးပေါ် တစ်ယောက်တင်ပေးရင်း တက်သွားကြသည်။ တံတိုင်းပေါ်မှ အသီးသီးခုန်ဆင်းလိုက်ကြပြီး အဖြူရောင်နှစ်ထပ်အိမ်ကြီးဆီသို့ ဦးတည်လိုက်သည်။

"အိမ်ထဲက ပစ္စည်းတွေ အကုန် စိတ်ကြိုက် ရိုက်ခွဲလာခဲ့ကွာ လူတွေကိုတော့ ဘာမှ မလုပ်ကြနဲ့ သွားကြ ငါစောင့်နေမယ်"

Jackson (ဂျက်ဆမ်) က စီးကရက်တလိပ်ကို မီးညှိရင်း သူ့တပည့်တွေကို မှာသည်။ သူသောက်နေတဲ့ စီးကရက်လိပ်ကုန်ရင် သူ့ကောင်တွေ ထွက်လာကြလိမ့်မည်။

"ဒီမှာ လူတွေကိုပါ ရိုက်ရမှာလေ Jackson"

"ဟုတ်တယ် အမေရိကန်ကောင်ကို ဆော်ရမှာ"

"ငါတို့က အမိန့်အတိုင်းပဲလုပ်တာ ကောင်လေးတွေ မကျေနပ်ရင် မင်းတို့ဘာသာ သွားရိုက်"

Jackson အရှေ့က ကိုးရီးယားအမြွှာကောင်တွေကို ပြောလိုက်တော့ လူကို စောင်ပေပေကြည့်လာသည်။ စိတ်ရှိတိုင်းဖြစ်နေတော့ မရင့်ကျက်လိုက်ပုံများ...လူငယ်ချင်း ရန်ဖြစ်တာကို သူတို့လိုလူတွေကိုခေါ်ပြီး ပြန်တုံ့ပြန်သည်တဲ့။

"ဟွန်း ငါတို့ဘာသာ သွားချမယ်ကွာ လာ"

"ဟွန်းလေးသိရင် ဆူမှာပေါ့ ယောင်းရဲ့"

"ဆူဆူကွာ ခြံထဲတောင် ရောက်နေပြီပဲ မထူးဇာတ်ခင်းလိုက်မယ် မလိုက်လည်း နေကွာ"

"လိုက်မ‌ယ် လိုက်မယ် ယောင်း"

"အေး မင်းတို့ သွားချရင် ငါ့လူတွေ ပြန်ထွက်တဲ့အချိန် ပြန်လိုက်လာခဲ့ နောက်ကျရင် စောင့်နေမှာ မဟုတ်ဘူး"

"ကျစ် ချီးထဲမှပဲ သိတယ်ဗျာ"

Baseball ရိုက်တံ တစ်ယောက် တစ်ချောင်းစီနဲ့ ဝင်သွားကြတဲ့ ကောင်လေးတွေကိုကြည့်ရင်း Jackson စီးကရက်ငွေ့တွေကိုသာ မှုတ်ထုတ်မိသည်။ ရွှေလင်ပန်းနဲ့ အချင်းဆေးလာတော့ ဘဝကို လွယ်တယ်ထင်နေကြ၏။

DaNcInG with DeMoN TwInSWhere stories live. Discover now