Dancing with Demon Twins -18

1K 105 7
                                    

Jey Family ခြံဝင်းကြီးထဲက မောင်းထွက်သွားတဲ့ ပြိုင်ကားအစိမ်းလေး။ Jeynomio နှုတ်ခမ်းတွေက ယောင်ယောင်လေးပြုံးရုံမျှပြုံးကာ တတိယထပ်ဝရန်တာအစွန်ဘက်ကနေ ရပ်ကြည့်နေဆဲ။ ရုတ်တရက် မြင်ကွင်းထဲကို ဝင်လာတဲ့ပုံရိပ်လေးတစ်ခုကြောင့် နှုတ်ခမ်းတွေတင်းတင်းစေ့သွားပြီး မျက်ခုံးတွေတွန့်ချိုးသွားမိတယ်။ ပြိုင်ကားအနောက်ကို ဖိနပ်မပါဘဲ အော်ကာ ပြေးလိုက်နေတဲ့ Victorio ။ ခြေထောက်က ပတ်တီးကိုမှ အားမနာ...မကျက်သေးတဲ့ ဒဏ်ရာက ပိုဆိုးလာတော့မယ်။

"တောက်ခ်"

တောက်တချက် ခပ်ပြင်းပြင်းခတ်ကာ အောက်ထပ်ကို ဒုန်းဆိုင်းဆင်းလာမိတဲ့အထိ ဒေါသတွေ အလိပ်လိုက်တက်လာသည်။ သေချာသော့ခတ်ထားပြီးမှ ထွက်လာခဲ့တာကို ..ဘယ်သူ့လက်ချက်လဲ နှစ်ခါ ပြန်စဉ်းစားနေစရာမလို။

အိမ်တံခါးမကြီးမှာ မတ်တပ်ရပ်နေတဲ့ Ian Jey ကို Nomio အေးစက်စက်တချက်စိုက်ကြည့်ခဲ့ပြီး Rio နောက်ကို ပြေးလိုက်ရ၏။ ကားကို မှီအောင်မလိုက်နိုင်တော့ ကွန်ကရိလမ်းအလယ်မှာ ငုတ်တုတ်ထိုင်ချပြီး ငိုနေတဲ့ Rio ။

"အီးးး ဟီးးး ဟီးးး တက်တူးလေး ဒယ်ဒီ ဟီးး ယောင်းကို တယောက်တည်း ချန်ထားခဲ့ပြန်ပြီ အီးးး"

မျက်နှာမှာ မျက်ရည်တွေနဲ့ ပေတလူးနေကာ ပါးစပ်ကလည်း ကိုးရီးယားလို ပြောပြီး ငိုနေသေးတာ။  Nomio နားမလည်ပေမယ့် အခု Rio ပုံစံက တကယ်ကို စိတ်ထိခိုက်ဝမ်းနည်းနေပုံ။ ဒေါသတွေကို လျှော့ချကာ လမ်းပေါ်က ပေတလူးလေးကို ပွေ့ချီပြီး ခေါ်လာလိုက်သည်။ ခြေဖဝါးက ပတ်တီးနေရာက အနီရောင်တွေဖြစ်နေတာမို့ ဒဏ်ရာကလည်း ပြန်ကွဲသွားပုံပင်။

ပွေ့ချီခေါ်လာတော့ Nomio ပခုံးကို တတိတိကိုက်လာ၏။ နာပေမယ့်လည်း Rio စိတ်ချမ်းသာဖို့က အရေးကြီးတာမို့ မကိုက်နဲ့လို့လည်း ပြောမနေတော့။ အခုထိ တံခါးမကြီးမှာ မတ်တပ်ရပ်နေဆဲ Ian Jey က Nomio ကို အဓိပ္ပါယ်ဖော်မရတဲ့အကြည့်တွေနဲ့ စိုက်ကြည့်နေတယ်။

"မင်းနဲ့ စာရင်းရှင်းစရာတွေရှိတယ် Ian Jey ဘယ်မှ မသွားနဲ့ဦး"

Nomio အံကြိတ်သံဖြင့်ပြောပြီး အိမ်ထဲကိုဝင်လာတော့ အနောက်ကနေ လှမ်းပြောလာ၏။

DaNcInG with DeMoN TwInSWhere stories live. Discover now