Dancing with Demon Twins - 11

1K 86 6
                                    

ဂျွန်ဂု Church ကျောင်းမှာ ကင်မ်ထယ်ဟွန်းနဲ့ Mrs.Kim ကို ပြန်သွားခေါ်ဖို့ ပြင်နေတုန်း ဖုန်းဝင်လာ၏။ သူ့အချစ်က သူ ခုထိ မရောက်လာသေးလို့ လှမ်းဆူတာပဲ ဖြစ်မည်။ ခေါ်ဆိုသူနေရာကို မကြည့်တော့ဘဲ ရယ်မောကာ ဖုန်းဖြေလိုက်သည်။

"အဟင်း ဘာလဲ မောင့်ကို လွမ်းနေပြီလား အချစ်ရဲ့ အခုထွက်လာနေပါပြီ"

"ဦးဦး ဟွန်းပါ ဟွန်း ယောင်းကိုမတွေ့တော့လို့ ဘယ်လိုလုပ်ရမလဲ"

ပြန်ဖြေလာသူက ကင်မ်ထယ်ဟွန်းမဟုတ်ဘဲ ဟွန်းကစ်ဖြစ်နေ၏။ အသံတွေတုန်ရင်နေပြီး ငိုသံစွက်နေတာမို့ ဂျွန်ဂု စိတ်ပူသွားရတာအမှန်။ ဂျွန်ဂု ကားကို မောင်းမထွက်‌တော့ဘဲ လေသံငြိမ်ငြိမ်နဲ့ ဟွန်းကစ်ကို မေးရသည်။

"ဟွန်းကစ် စိတ်အေးအေးထားနော် အခု ဟွန်းကစ် ဘယ်မှာလဲ"

"ဟွန်းက ဟွန်းက အခု ကားထဲမှာ အတူတူ Club မှာ ကနေရင်း ယောင်းကို မတွေ့တော့တာ အခုထိ ရှာမတွေ့ဘူး ဦးဦး အီးးးဟီးး"

"မငိုနဲ့ မငိုနဲ့ ဟွန်းကစ် ယောင်းလုံးကို ပြန်တွေ့မှာပါ အိမ်ပြန်ရောက်နေတာလည်း ဖြစ်နိုင်တာပဲ စိတ်ဆိုးပြီး ပြန်သွားတာများလား ဦးဦးပြောတာ သေချာနားထောင်နော် အခု ဟွန်းကစ် အသက်ပြင်းပြင်းသုံးခါရှူ ပြီးရင် စိတ်ငြိမ်အောင်လုပ် ဟုတ်ပြီနော်"

"ဟုတ် ဦးဦး"

ဂျွန်ဂု ပြောတဲ့အတိုင်း လိုက်လုပ်နေပုံရကာ ဖုန်းထဲက အသက်ရှူသံပြင်းပြင်းကို ကြားနေရသည်။

"ပြီးရင် အခု ကားမောင်းပြီး အိမ်ကို တန်းတန်းမတ်မတ်ပြန်ရမယ် ဟွန်းကစ် အိမ်မှာ ယောင်းလုံးမရှိဘူးဆိုရင် ဦးဦးကို ပြန်ဖုန်းဆက်ပေး ဦးဦးဘာပြောထားလဲ ဟွန်းကစ်ကို"

"ပြဿနာတစ်ခုခုဖြစ်ရင် အရင်ဆုံး စိတ်အေးအေးထားပြီး စဉ်းစားရမယ် လို့ပါ"

"အိုကေ ဟုတ်ပြီ လိမ္မာတယ် အိမ်ကို တန်းပြန်ရမယ် ရောက်ရင် ဖုန်းဆက်"

"ဟုတ် ဦးဦး ဒယ်ဒီတို့ကို ပြောမှာလားဟင် ဟွန်းတို့က အခု California မှာ နေ နေတာ"

ဟွန်းကစ်ရဲ့ စိုးရိမ်ထိတ်လန့်နေတဲ့အမေးစကားကို ဂျွန်ဂု သေချာစဉ်းစားကာ ပြန်ဖြေပေးရ၏။ ဟွန်းကစ်က အပြစ်ရှိသလိုခံစားနေရမှာမို့ တစ်ယောက်တည်း စိတ်ထင်ရာ လျှောက်လုပ်မှာ စိုးရသည်။

DaNcInG with DeMoN TwInSWhere stories live. Discover now