Dancing with Demon Twins - 13

1K 100 23
                                    

အိပ်ယာဘေးမှာ ခုံတစ်လုံးယူထိုင်ပြီး ခုထိသတိမရလာသေးတဲ့ သတ္တဝါလေးကို Nomio တစိမ့်စိမ့်ကြည့်နေမိသည်။ သွယ်လျတဲ့ မျက်နှာအကျလေး၊ ထင်းထွက်နေတဲ့ နှာတံသွယ်သွယ်၊ စင်းကျနေတဲ့ မျက်တောင်ရှည်စိပ်စိပ်များ၊ ပန်းရောင်သန်းနေတဲ့ နှုတ်ခမ်းဖူးဖူးလေး၊ ပြီးတော့ ချစ်စရာ မှဲ့သေးသေးလေးတွေ။ ပြစ်မျိုးမှဲ့မထင်ဆိုတာထက် မှဲ့ထင်သမျှနေရာတိုင်းက ဆွဲဆောင်မှုတစ်မျိုးရှိနေတာမျိုး။

ငွေရောင်ဆံပင်ရှည်တွေနဲ့မို့ လူသားဘာဘီလေးနဲ့တောင် တူသည်။ ပါးပြင်ပေါ်ကို လက်ညှိုးနဲ့ထိတွေ့ကြည့်တော့ နူးနူးညံ့ညံ့လေး။ အမေရိကန်ကလူတွေနဲ့ ယှဉ်ရင် လူကောင်သေးပြီး နုဖတ်နေတဲ့ အသားအရေနဲ့ ဒီသတ္တဝါလေးက ရန်ဖြစ်တိုင်း ရှုံးပွဲမရှိပါတဲ့။

ဖြစ်သမျှရန်ပွဲတိုင်းမှာ သတ္တဝါလေးနဲ့ သူ့အမြွှာချည်း ရန်အရင်သွားစတာက ခပ်များများလို့လည်း သိထားသည်။ လူမိုက်အသေးစားလေးတွေဖြစ်ပြီး အကြောက်အလန့်လည်း ရှိပုံမရ။ ကားရောင်းတုန်းကလည်း ရန်ဖြစ်ကာ ဒေါ်လာသိန်းချီပါတဲ့အိတ်ကို စိတ်ပေါ့ပေါ့ပါးပါးနဲ့ ယူသွားသည်။ ပူပင်ကြောင့်ကြမှုမရှိ၊ စိုးရိမ်ထိတ်လန့်မှုမရှိ သုံးပစ်တာကိုတော့ Nomio အံ့ဩရ၏။

ဒီလိုအဆိုးအဆာလေးကို Nomio ထိန်းချုပ်နိုင်ဖို့ဆို တော်တော်စိတ်မာမှ ရမည်။

ထမြည်လာတဲ့ဖုန်းသံကြောင့် Nomio အတွေးတွေ ပြတ်တောက်သွားရ၏။ ခေါ်ဆိုသူကိုကြည့်လိုက်တော့ Ken ။

"အင်း ပြော"

"လွန်ခဲ့တဲတစ်နာရီလောက်က ကိုးရီးယားက လူတွေ ဒီကိုရောက်လာပါပြီ Mr.Jey"

"ဆိုတော့ အခု ဘယ်မှာလဲ"

"လေးယောက်ကတော့ အမြွှာတွေရဲ့အိမ်ကို သွားပါတယ် ကျန်တဲ့လူတွေက ဒီက အဖွဲ့တစ်ဖွဲ့ဆီ သွားပေါင်းပါတယ် Mr.Jey"

"ဟုတ်ပြီ ငါ့ဆီကို လူတချို့နဲ့ မင်းလာလိုက်တော့ Ken"

"ပြောစရာတစ်ခုကျန်ပါသေးတယ် Mr.Jey"

"ပြော"

"California က အမြွှာတစ်ယောက်ပြန်ရောက်နေပြီး Ian ကိုလည်း အဲ့ဒီခြံထဲဝင်သွားတာ တွေ့ပါတယ်"

DaNcInG with DeMoN TwInSWhere stories live. Discover now