Dancing with Demon Twins - 6

1.1K 96 6
                                    


ညာလက်ဖျံအရိုး နဲ့ မျက်နှာတွေ ဖူးယောင်နေတုန်းမို့ Ian Jey အိမ်ကပ်နေသည်။ ဧည့်ခန်းမကြီးကလည်း Nomio ပြန်ပြင်ဆင်ထားတာကြောင့် အရင်ကထက် ပိုမိုက်သွား၏။ Modern Design ဘက်ကို သွားထားတာမို့ Ian Jey Vibe လို့တောင် ပြောလို့ရသည်။

ဧည့်ခန်းမှာပဲ ဆိုဖာပေါ်လှဲကာ Netflix Series ထိုင်ကြည့်နေချိန် Jeynomio ပြန်ရောက်လာ၏။ တစ်ချက်သာဝေ့ကြည့်ပြီး Series ဆက်ကြည့်နေလိုက်သည်။ ခြံထဲမှာ ဆူဆူညံညံအသံများကြားရတာမို့ ထပြီး မှန်တံခါးကနေ သွားကြည့်လိုက်တယ်။ အမေရိကန်နိုင်ငံရဲ့ No.1 ပရိဘောဂ Company ကားကြီးက ဆင်ဝင်ရှေ့မှာ။

ကားထဲက ပစ္စည်းတွေကို သယ်ထုတ်နေကြတာမို့ အသံတွေ ဆူနေကြတာ။ မနီးမဝေးမှာ Nomio က သူ့မူပိုင် ရေခဲရိုက်မျက်နှာထားနဲ့ ရပ်ကာ လက်ပိုက်ကြည့်နေသည်။ ကားအပြည့်သယ်လာပုံရတာမို့ Ian Jey ဉာဏ်မှီသလောက် စဉ်းစားမိတယ်။

မနေ့တနေ့ကမှ ဆိုဖာတွေလဲပြီး အိမ်အတွင်းဆေးရောင်တွေပါ ချိန်းထားခဲ့တာ။ အောက်ထပ်တစ်ခုလုံးရဲ့ အခန်းအပြင်အဆင် ပစ္စည်းအထားအသိုတွေက အစ။ Nomio က အခု ဘာတွေ ထပ်လုပ်လာပြန်တာလဲ။

Ian Jey ချက်ချင်း ခြံထဲဆင်းသွားပြီး Nomio ဆီ သွားလိုက်သည်။

"ဘာတွေလုပ်နေတာလဲ Nomio"

"မင်းမှာ မျက်စိပါတယ်မလား"

"ပါတယ်လေ ခင်ဗျား ဒါတွေကို ဘယ်မှာထားမလို့လဲ မေးနေတား"

"ကျစ် တတိယထပ်မှာ...မေးခွန်းထပ်မထုတ်နဲ့ မင်းအတွက် ကားအသစ်မှာပေးထားတယ် ညနေ ရောက်လာမယ်"

"တကယ်ပါပဲ မမှာပေးလည်း ကျုပ်ဘာသာ မှာလို့ရတယ် ခင်ဗျား အဲ့ဒါတွေကို တတိယထပ်မှာထားတော့ ဘယ်သူသုံးမှာမို့လဲ အိမ်ကြီးမှာ ရှိတာမှ နှစ်ယောက်တည်း ဘာလို့ ဖြုန်းတီးနေတာလဲ"

"Ian Jey ...တော်တော်စကားများလာတာပဲ ငါဘာလုပ်လုပ် မင်းအကြောင်းမပါဘူး ပြီးတော့ မင်း ဒုတိယထပ်ကနေ တတိယထပ်ကို တက်မလာနဲ့ ..နောက် ၅ ရက်ကြာရင် အိမ်သန့်ရှင်းရေးနဲ့ မီးဖိုချောင်အတွက် လူ ၅ ယောက် ရောက်လာလိမ့်မယ် အနောက်ဘက်ကအခန်းတွေမှာ နေလိမ့်မယ်"

DaNcInG with DeMoN TwInSWhere stories live. Discover now