Dancing with Demon Twins -28

1.2K 85 11
                                    

"ဟိုအမေရိကန်ကောင် ဘာရပ်လုပ်နေတာလဲ"

Ian Jey အနောက်ဘက်က ထွက်လာတဲ့ လေသံခပ်မာမာ။

"ဟိုဟာ ဘာမှ မလုပ်ပါဘူး ကျုပ် အဲ ကျွန်တော် ဒီတိုင်းရပ်ကြည့်နေတာပါ"

"ရပ်ကြည့်မနေနဲ့ မင်းပါ ဝင်သယ်ပြီး နေရာချ ဒီအိမ်မှာနေရင် အလုပ်တော့ လုပ်ရမယ်"

"ဟုတ်ကဲ့"

ဂျွန်ဂျောင်ကု ပြောလိုက်တော့ ယောင်ပေပေနဲ့ထွက်သွားပြီး အရောင်အသွေးစုံပန်းပင်တွေလာပို့တဲ့ကားဆီ Ian Jey ရောက်သွားသည်။ ပန်းပင်ရောင်းတဲ့ Company က အလုပ်သမားတွေပါလာ‌ပြီး သူတို့ဘာသာသူတို့ သယ်ကာ နေရာချနေတာပင်။ ဒါပေမယ့် Ian Jey အထွန့်တက်မနေဘဲ ကားပေါ်ရှိ ပန်းပင်တစ်ပင်ကို သယ်ပြီး နေရာချလိုက်တယ်။ သူ့ဆန်စားမှ ရဲရတော့မည်လေ။

Victory ရဲ့ ဒယ်ဒီက Ian Jey ကို အမြင်မကြည်တာကို သိပြီးသားမို့ ခိုင်းသမျှလုပ်ပြီး အိမ်မှာ ကုပ်ကတ်နေဖို့သာ တွေးထားလိုက်တယ်။

Ian Jey ပန်းပင်တွေသယ်ပြီး နေရာချနေတာကို ဂျွန်ဂျောင်ကု ဆင်ဝင်အောက်ကနေ လက်ပိုက်ကာ ရပ်ကြည့်နေလိုက်၏။ ဘာအလုပ်မှ မယ်မယ်ရရလုပ်ခဲ့ပုံမပေါ်တဲ့ အမေရိကန်ကောင်က အခုတော့ ဟန်ဆောင် အပိုးကျိုးနေသည်။

ရှေ့လျှောက် ဂျွန်ဂျောင်ကုမှာ Ian Jey အတွက် အစီအစဉ်များစွာရှိနေပြီးသားပင်။ သူများအိမ်က အဖိုးတန်သားလေးကို လွယ်လွယ်ရချင်နေတဲ့ကောင်တွေအတွက် မရိုးရမယ့်အစီအစဉ်တွေပေါ့။

မနက်ခင်းနေရောင်အောက်မှာ ပန်းပင်သယ်ရင်း ချွေးပြန်နေတဲ့ အမေရိကန်ကောင်ကိုကြည့်ကာ ဂျွန်ဂျောင်ကု နှုတ်ခမ်းထောင့်စွန်းတွေ တွန့်ကွေးသွားရသည်။ တကယ်ကို ရှုမငြီးစရာမြင်ကွင်းပင်။

🌼🌼🌼

နေ့လည်စာစားချိန် ထူးဆန်းစွာ လူစုံတက်စုံရှိနေကြတာမို့ Victory နည်းနည်းအံ့ဩသွားရသည်။

ပုံမှန်ဆို ဟွန်းလေးနဲ့ ဦးဦးဂျွန်က အပြင်မှာသာ စားလေ့ရှိကြ၏။ Victory အနောက်ကပါလာတဲ့ Ian Jey နဲ့အတူ လွတ်နေတဲ့ဘေးချင်းကပ်ထိုင်ခုံနှစ်ခုမှာ ဝင်ထိုင်လိုက်သည်။

DaNcInG with DeMoN TwInSWhere stories live. Discover now