Ch1

1.6K 20 4
                                    

Hမြို့ရဲ့ ယန်ရှီ ရပ်ကွက်ထဲ ပုံစံတူနှစ်ထပ်တိုက်အိမ်နှစ်လုံးရှိပါသည်
ထိုအိမ်လုံးရဲ့အရှေ့မျက်နှာသာ မှာသာ ခြံစည်းရိုး နှစ်ခုခွဲခပ်ထားပြီး အနောက်ဘက်မှာတော့ တစ်ဆက်ထဲပါ။
ထိုအိမ်နှစ်လုံးရဲ့အပေါ်ထပ်ဘေးတစ်ဖက်ဆီရဲ့ဝန်ရံတာနှစ်ခုဟာတစ်ဆက်ထဲဖြစ်ပြီးထိုအိမ်နှစ်လုံးကိုကူးလို့ရပါတယ်.....အိမ်နှစ်လုံးရဲ့မိသားစုနှစ်ခုဟာထိုဆက်ထားတဲ့ဝန်ရံတာမှာ စားသောက်သုံးဆောင်ဖို့စားပွဲခုံတို့ကိုထားရုံသာမက...ခြံအနောက်ဘက်မှာလဲစားသောက်သုံးဆောင်ဖို့ အသုံးဆောင်များလဲထိုနည်းတူထားထားပါတယ်
အိမ်နှစ်လုံးရဲ့မိသားစုနှစ်စုဟာအရမ်းဆန်းကျယ်ပါတယ်
အိမ်အမှတ်A001မှာ ဝဝဖိုင်းဖိုင်းနဲ့သဘောကောင်းတဲ့ဥပတိရုပ်ပေါ်တဲ့ လူကြီးရှီမင်းရှန်နဲ့ သူ့ရဲ့ဇနီး ပြည့်ပြည့်အသားရည်လှလှပါးဖောင်း​ဖောင်းနဲ့ ဝမ်းချင်းရီ
တစ်ဖက်အိမ်အမှတ်A002မှာတော့
တောင့််တောင့်ဖြောင့်ဖြောင့်ခပ်ထန်တဲ့လူကြီးချန်လီကျင့်နဲ့ သူ့ရဲ့ဇနီး ပိန်သွယ်သွယ် အသားနူးညံပုံပေါ်တဲ့စုရှီထိုက်...
ထိုမိသားစုနှစ်စုဟာအထက်တန်းကထဲကငယ်သူငယ်ချင်းများဖြစ်ကြပါသည်။
ပိတ်ရက် A002အိမ်၏သန့်စင်ခန်းတွင်

စုရှီထိုက် " ချန်လီကျင့်!ရှင့်ကိုကျွန်မသတ်မယ်...ရှင်အခုလာခဲ့စမ်း"
ချန်လီကျင့်" မိန်းမဘာဖြစ်တာလဲ ကိုယ်လာပြီကိုယ်လာပြီ"
စုရှီထိုက်သူမလက်ထဲကဆီးစစ်တံကိုသူမယောကျာ်းချန်လီကျင့်လက်ထဲထည့်ပေး၍
စုရှီထိုက်"ရော့..ဒီမှာကြည့်ကျွန်မပြောသားဘဲရှင့်ကို ကာကွယ်ပါဆိုတာ ကျွန်မအဆင်သင့်မဖြစ်သေးဘူးဆိုတာလဲရှင့်ကိုပြောပြီးသားအခုကြည့်ရှင့်လုပ်ပုံကို"
ချန်လီကျင့်"ဟမ်...ကိုယ်ဘာအမှားလုပ်မိလို့လဲကွာပြစမ်းပါဦး..."
ချန်လီကျင့်သူ၏လက်ထဲကဆီးစစ်တံကိုသေချာကြည့်ရင်းသူအရုပ်တစ်ခုအလားရပ်နေမိတယ်
ချန်လီကျင့်"တကယ်လား....မိန်း...မ..."
သူ၏စကားများထစ်ပြီးသူ့မိန်းမကိုမယုံသလိုကြည့်ပြီးဆီးစစ်တံကိုတစ်ချက်ပြန်ကြည့်ပြီး...
ချန်လီကျင့်"ဟား....ဟား...ဟားးးးးးး....ငါအဖေဖြစ်ပြီကွ!ငါအဖေဖြစ်ပြီကွ....."
ချန်လီကျင့်သူ၏မူလခပ်ထန်ထန်ရုပ်ပြောက်ကာကလေးတစ်ယောက်သူတောင်းတနေတဲ့အရုပ်တစ်ခုရလိုက်သလိုပြုံးပျော်နေပါတယ်

ငါတို့တွေဘယ်နေရာမှာလွဲချော်ခဲ့လဲWhere stories live. Discover now