Ch48

36 0 0
                                    

ကျောင်းပိတ်ရက်ဖြစ်သောကြောင့်ချင်းချင်းတစ်ယောက် လုပ်ချင်ရာလုပ်နေသည်။

တစ်ခါတစ်ရံ လီဝမ်စာလုပ်နေချိန်တွင်

ကာတွန့်စာအုပ်ဆိုင်သို့သွားကာအချိန်ဖြုန်းတတ်လေ့ရှိပြီးဂိမ်းဆိုင်တွင်လည်းသူမ ​ခြေရာများပင်ဖြစ်နေသည်။
သူမလီဝမ်ကဲ့သို့ အားတိုင်းစာမလုပ်နိုင်ပေ။

သူမ၏မိဘများသည်လည်း ကိုယ်စီအလုပ်ရှုပ်နေကျသဖြင့်သူမ အတွက် ဂွင်ဖြစ်နေလေသည်။

ဝမ်ချင်းရီ ဆိုင်ပိတ်သည့်နေ့တွင်သာအိမ်မှာရှိနေတတ်ပြီး တစ်ခါတစ်ရံသူမ အမေနှင့်အတူ ဆိုင်သို့လိုက်သွားကာ သွားရှုပ်လေသည်။

နွေရာသီကျောင်းပိတ်ရက်သည်ချင်းချင်းအတွက်ပျော်စရာများနှင့်သာပြည့်နှက်နေသည်။

သို့သော်သူမ ညတိုင်းဒိုင်နာရီရေးနေကြဖြစ်ပြီးထိုစာများတွင် လီဝမ်အကြောင်းနှင့်သာပြည့်နှက်နေသည်။

''ဒီနေ့လီဝမ်ငါ့ကိုစိတ်ဆိုးသွားတယ်...အကြောင်းကသူ မသိအောင် စာအုပ်ဆိုင်သွားလို့''

''ဒီနေ့ ကျတော့လီဝမ်ငါ့ကို ချီးကျူးပြန်တယ်''

''ငါဒီနေ့လီဝမ်နဲ့ရန်ဖြစ်ခဲ့တယ်''

''လီဝမ်အရင်လိုမဟုတ်တော့တာတော့ငါ့စိတ်ထဲထင်နေတယ်''

''လီဝမ်က သော့သော့နဲ့ငါ ကစားတာမကြိုက်ဘူး။ဒါပေမယ့်သော့သော့ နဲ့ငါကစားနေမှသူ အတွက်အဆင်ပြေပြီးစာလုပ်လို့ရမှာလေ''

''ဒီနေ့ကျပြန်တော့လဲ သော့သော့ကို ချစ်စရာအကောင်လေးလို့ ပြောလို့ငါ့ကိုမခေါ်ပြန်ဘူး''(ဒါဆိုသူလဲငါ့ကို.......)

''ဒီနေ့လီဝမ်ငါ့ဆီမှာလာအိပ်မယ်​ပြောတယ်။အကြောင်းက မေမေနဲ့ဖေဖေက အိမ်ပြန်နောက်ကျမှာလေ''
ဟုနေစဥ်မပျက် သူမ ဒိုင်နာရီရေးလေသည်။

ဂျလောက်(တံခါးဖွင့်သံနော်)
တံခါးဖွင့်သံကြားသောအခါ

သူမလေးသည်ရေးလက်စ စာအုပ်လေးအားပိတ်လိုက်သည်။

လီဝမ်သူမ၏အခန်းထဲသို့ဝင်လာအာ

''ချင်းချင်း နင်ကုတင်းပေါ်မှာအိပ်နော် ငါအောက်မှာမွေ့ယာခင်းပြီးအိပ်လိုက်မယ်''

ချင်းချင်း''မအိပ်ပါနဲ့ နင်ကုတင်ပေါ်မှာအိပ်၊ငါအောက်ဆင်းအိပ်မယ်လေနော်''
​''ပြီးတော့နင်က ချူချာတယ်ငါနင့်ထက်သန်မာတယ်လေဟုတ်တယ်မလား''

လီဝမ်သည်စိတ်ဆိုးသွားကာ မျက်နှာဆူပုတ်နေလေသည်။

သူချင်းချင်းကိုဒီလိုမျိုးမကြိုက်ပေ။ချင်းချင်းသည်သူစကားကိုဘယ်တော့မှနားမထောင်ပေ။ သူအအေးမခံနိုင်တာမှန်ပေမယ့်လဲ သူကယောကျာ်းလေးလေ

ချင်းချင်သည်လီဝမ်းစိတ်ဆိုးသွားသည်ကိုသိသောအခါအမြန်ချော့လေသည်။
''ဟီးငါကစနေတာပါ အတူတူအိပ်မယ်လေကုတင်ကလဲကျယ်ပါတယ်လေနော်''

လီဝမ်၏မျက်နှာလေးချက်ချင်းရဲတွတ်သွားလေသည်။မိန်းကလေးဖြစ်ပြီးယောကျာ်းလေးကို အတူတူအိပ်ဖို့ဖိတ်ခေါ်တယ်၊တကယ်လို့သူ့နေရာမှာတခြားအကောင်ဆိုဘယ်လိုလုပ်မလဲ

ချင်းချင်းသည်အိပ်ရာတွင်နေရာခွဲတမ်းချနေလေသည်။''လီဝမ်လာလေနင်ဒီဘက်မှာအိပ်၊ငါပြတင်းပေါက်ဘက်မှာအိပ်မယ်၊ဒီဖက်လုံးက စီးခြားထားတယ်လေနော်''

လီဝမ်သည်သူမလေးပြောသည့်စီးခြားထားသည့်ဖက်လုံးအားတစ်ချက်ကြည့်ကာသူမလေး၏ အမှုအရာကိုကြည့်လိုက်လေသည်။

ချင်းချင်းသည်သူ့အား စားတော့မည့်မျက်နှာကလေးဖြင့် ပြုံးပြနေကာချစ်စရာအလွန်ကောင်းနေလေသည်။(ကျားကိုစားရန်ယုန်ငယ်လေးအဖြစ်နှင့်တူနေလေသည်။)

သူတို့နေရာယူပြီးနောက်တွင်လီဝမ်သည်မျက်လုံးမှိတ်နေလေသည်။ထိုအချိန်''လီဝမ်...လီဝမ်''ဟုတိုးတိုးလေးနှင့်သူ၏ဘေးတွင်ရှိနေသောယုန်ကလေးက ​ခေါ်လေသည်။

သူ အိပ်ချင်ယောင်ဆောင်နေသော်လည်း''လီဝမ်..လီဝမ်..နင်အိပ်ပြီလား''ဟုဆိုကာစီးခြားထားသောဖက်လုံးလေးအားဖယ်ပြီးသူ၏မျက်နှာကိုလက်နုနုကလေးဖြင့်လာထိလေသည်။

ထို့နောက်''လီဝမ်..တကယ်လို့တက္ကသိုလ်ရောက်လို့ငါသဘောကျတဲ့သူရှိလာရင်''စကားတောင်မဆုံးသေးဘဲလီဝမ်သည်မျက်လုံးဖွင့်ကာ သူမဘက်သို့လှည့်လာလေသည်။

''အာ....လန့်လိုက်တာ''

လီဝမ်''အိပ်တော့ အချိန်မစော​တေ့ာဘူးချင်းချင်းနင်အခုမှအလယ်တန်းကျောင်းသူဘဲရှိသေးတယ် သဘောကျတယ်ဆိုတဲ့စကားကိုလက်လွတ်စပယ်မပြောနဲ့'' ''ငါမနေ့ကပြောတယ်မလား''ဟုဆိုကာစိတ်ဆိုး၍သူမလေးကိုနောက်ကျောပေးကာ အိပ်လေသည်။

ချင်းချင်းလဲစကားမစရဲတော့ဘဲ တိတ်ဆိတ်ကာအိပ်ပျော်ရန်ကြိုးစားလေတော့သည်။
Please comments and votes

လိုအပ်တာမှန်သမျှပွင့်ပွင့်လင်းလင်းရေးနိုင်ပါတယ်ရှင့်

votesလေးလဲပေးကြပါဦးနော်

ငါတို့တွေဘယ်နေရာမှာလွဲချော်ခဲ့လဲWhere stories live. Discover now