Chapter2

281 11 0
                                    

စုရှီထိုက်''ကိုယ်အရင်သွားကြည့်ပါဦးအရေးကြီးတဲ့ကိစ္စများရှိလားလို့နော်''
ချန်လီကျင့်''ဟူး..ဟုတ်ပြီကိုယ်သွားကြည့်လိုက်မယ်နော်''
ဒေါက်ဒေါက်ဒေါက်...မီဖိုချောင်တံခါးခေါက်သံကအဆက်မပြတ်မြည်နေသည်။
ချန်လီကျင့်''လောင်ရှီမင်းကို...ကျုပ်ကခင်ဗျားဇနီးထက်နေတာ''
ရှီမင်းရှန်''ဟမ်...မဟုတ်ပါဘူးဗျာ...ခင်ဗျားတို့အော်သံကြားလို့ကျုပ်မိန်းမကလာကြည့်ခိုင်းတာဗျ...ဘာဖြစ်တာလဲခင်ဗျားတို့''
မေးလဲမေးအိမ်ထဲလဲဝင်နေလေသည်
ချန်လီကျင့်''ကျုပ်လေ...ကျုပ်...အဖေဖြစ်တော့မှာကွဟားဟားဟားးးးးး''
ချန်လီကျင့်၏အသံကိုကြားပြီးရှီမင်းရှန်ကျောက်ရုပ်သဖွယ်ဖြစ်သွားသည်။
ထိုနောက်ရှီမင်းရှန်သူ၏ဇနီးဝမ်ချင်းရီကိုအော်ခေါ်လိုက်လေသည်။
ရှီမင်းရှန်၏အော်ခေါ်သံကြားပြီး ဝမ်ချင်းရီချက်ချင်းပင်ပြေးလာသည်။
ထိုနည်းတူအပေါ်ထပ်အိပ်ခန်း၏သန့်စင်ခန်းတွင်ရှိသောချန်လီကျင့်၏ကိုယ်ဝန်သည်ဇနီးစုသည်လည်းအလန့်တကြားပြေးဆင်းလာလေသည်။

ဝမ်ချင်းရီ''ရှီမင်းရှန်ဘာဖြစ်တာလဲ...ဘာဖြစ်တာလဲ..အလန့်တကြားရှင်ရယ်ဘာဖြစ်လို့လဲ''
စုရှီထိုက်ဆင်းလာသည်ကိုမြင်သောအခါချန်လီကျင့်သည်သူ့ဇနီးကိုယ်ဝန်သည်ကိုပြေးတွဲလေသည်။

ရှီမင်းရှန်''မိန်းမ...ဟိုဟို..လောင်ချန်အဖေဖြစ်တော့မယ်တဲ့'' ''ကျုပ်ဖြင့်မယုံနိုင်ဘူး''
ဝမ်ချင်းရီသူမ၏ခင်ပွန်အသံကြားလိုက်သောအခါသူမခင်ပွန်းကဲ့သို့ကျောက်ရုပ်သဖွယ်ရပ်နေမိသည်။
ထို့နောက်
ဝမ်ချင်းရီ''စုရှီ...တကယ်လား...နင့်မှာကိုယ်ဝန်ရှိနေပြီ..တကယ်လားဟင်''
စုရီထိုက်သည်သူမ၏နီရဲ၍ပြုံးပျော်နေသောမျက်နှာထားဖြင့်ခေါင်းငြိတ်ပြလေသည်။
ထို့နောက်
စုရီထိုက်''ဟုတ်တယ်ဝမ်ချင်း...ငါရာသီမလာတာကြာပြီ...မနက်ကနင်ချက်တဲ့ငါးစွတ်ပြုတ်အနံကြောင့်ငါသန့်စင်ခန်းပြေးရတယ်...သံသယဝင်လို့စစ်ကြည့်တာနှစ်ကြောင်းပေါ်နေတယ်''
ဝမ်ချင်းရီသူမသည်သူမ၏ငယ်သူငယ်ချင်းစုရီထိုက်အသံကိုကြားပြီးတပြိုင်နက်ပြေးဖက်လိုက်သည်။
ဝမ်ချင်းရီ''ကောင်းလိုက်တာ...ဆေးရုံသွားစစ်ကြည့်လိုက်ဦး....ဟိုနင်ရှောင်ရန်ဆောင်ရန်တွေ..ဟိုလိုအပ်တာတွေ...ဟိုပြီးတော့ပြီးတော့...''
ဝမ်ချင်းရီသည်အပျော်ကြီးပျော်၍စကားများပင်လိုရာမရောက်ဖြစ်နေလေသည်''
စုရီထိုက်''အင်း...ခဏနေငါလီကျင့်နဲ့သွားစစ်လိုက်ပါမယ်''
ရှီမင်းရှန် နှင့် ဝမ်ချင်းရီ''အင်းကောင်းတယ်ကောင်းတယ်''
----------------------------------------------------------------------------------------------------
၃လကြာပြီးနောက်
A001အိမ်တွင် A002ကဲ့သို့အသံကြားရလေသည်။
အိမ်၏အောက်ထပ်သန့်စင်ခန်းတွင်
ဝမ်ချင်းရီ''ကိုရှီမင်းရှန်!!!!''
ရှီမင်းရှန်''ဟေ...ဘာဖြစ်တာလဲမိန်းမ...ဘာဖြစ်တာလဲ''
ဝမ်ချင်းရီသည်သူမ၏လက်ထဲကဆီးစစ်တံကိုသူမခင်ပွန်ထံပေးလိုက်သည်။
ထို့နောက်ရှီမင်းရှန်၏အော်သံကိုကြားလိုက်ပြီး
အိမ်အပြင်သို့ပြေးထွက်ကာခြံထဲတွင်ပျော်ရွှင်စွာအော်လေသည်။
ရှီမင်းရှန်''ယန်ရှီရပ်ကွက်သူ ရပ်ကွက်အပေါင်းတို့ကျုပ်ရှီမင်ရှန်အဖေဖြစ်ပြီကွ...အဖေဖြစ်ပြီ.....'''
ရှီမင်းရှန်၏အသံကိုကြားလိုက်သော
ချန်လီကျင့်သည်သူ၏ဇနီးကိုယ်ဝန်သည်အားတွဲ၍ခြံထဲသို့ထွက်လာလေသည်။ချန်လီကျင့်ဇနီမောင်နှံထွက်လာသည်နှင့်ဝမ်ချင်းရီလဲခြံထဲသို့ထွက်လာလေသည်။
A001နှင့်A002 အိမ်နှစ်အိမ်တွင်ပျော်ရွှင်စရာကောင်းသောအသံများဖြင့်ဖုံးလွမ်းနေလေသည်။

ငါတို့တွေဘယ်နေရာမှာလွဲချော်ခဲ့လဲWhere stories live. Discover now