လီဝမ်မှာခြံထဲတွင်ချင်းချင်အားစောင့်နေစဥ်သူ၏အဖေချန်လီကျင့်companyမှပြန်ရောက်လာသည်။ချန်လီကျင့်သည်သူ၏သားလေးအားခြံထဲတွင်မြင်လိုက်ရစဥ်ထူးဆန်းနေသည်။ခါတိုင်းပိတ်ရက်တွင်သူ၏သားသည်တစ်ဖက်အိမ်တွင်သာအချိန်ကုန်နေလေသည်။
ချန်လီကျင့်''သားလီဝမ်သားချင်းချင်နဲ့ကစားနေမှာမဟုတ်ဘူးလားသားဘယ်သူ့ကိုစောင့်နေတာလဲလာလာအိမ်ထဲပြန်ဝင်ပိုးကောင်တွေကိုက်ဦးမယ်''ဟုအိမ်ထဲပြန်ဝင်ခိုင်းနေလေသည်။
လီဝမ်''အဖေအစောကြီးဘဲပြန်လာတာလား''ခါတိုင်းတွင်သူ၏အဖေဖြစ်သူသည်အိမ်ပြန်နောက်ကျတတ်သည်။ယခုတလောအစောကြီးပြန်ပြန်လာတတ်သည်။သူ၏အမေကိုယ်ဝန်ရချိန်ကထဲကပင်ဖြစ်သည်။
ဆက်လက်၍လီဝမ်သည်''သားအိမ်ထဲမဝင်ခြင်သေးဘူး''
ချန်လီကျင့််''ဘာဖြစ်လို့လဲငါ့သားရဲ့ကဲပြောဘယ်သူ့ကိုမျှော်နေတာလဲ''
လီဝမ်''ဘယ်သူ့ကိုမှမဟုတ်ပေမယ့်ချင်းချင်ကိုစောင့်နေတာပါ''
ချန်လီကျင့်မှာသူ၏သားစောင့်နေသူကိုကြားလိုက်သောအခါမထူဆန်းပေမယ့်တစ်ခုခုထူးခြားနေသည်ကိုတွေ့လိုက်သည်။အကြောင်းမှာချင်းချင်သည်လည်းသူ့သားနှင့်အတူမခွဲမကွာအမြဲတမ်းရှိနေလေတတ်သည်။ယခုတွင်ချင်းချင်သည်အပြင်ရောက်နေကာသူ့သားမှာစောင့်နေသည်ကိုသိလိုက်ရသဖြင့်သူခေါင်းခါမိသည်။ချန်လီကျင့်'အင်းမဟုတ်သေးပါဘူးကလေးနှစ်ယောက်က'သူစိတ်ထဲတွင်တစ်ခုခုတွေးနေမိသည်။ထို့နောက်သူ၏သားလေးအား''သားရယ်ချင်းချင်ကိုစောင့်နေတာများအိမ်ထဲဝင်စောင့်နေပေါ့သူမလာရင်သွားကြိုပေါ့သားရယ်အခုအကောင်တွေအကိုက်ခံနေရပြီမရဘူးလာခဲ့အိမ်ထဲမှာဘဲစောင့်နေ''ဟုဆိုတာအမိန့်ပေးလိုက်လေသည်။
လီဝမ်သည်သူ၏အဖေအမိန့်ပေးသည်ကိုကြောက်သည်။ထို့ကြောင့်နာခံစွာဖြင့်အိမ်ထဲဝင်ကာအိမ်ရှေ့တံခါးမကြီးရှေ့တွင်ငုတ်တုတ်ပြန်စောင့်နေပြန်သည်။
ချန်လီကျင့်သည်သူ၏သားအပြုအမူကိုမြင်သောအခါပြောစရာစကားပျောက်ကာခေါင်းခါ၍သူ၏မိန်းမဆီကိုသာသွားလေသည်။
ချန်လီကျင့်''မိန်းမရေမိန်းမ''
စုရှီထိုက်''ရှင်သြော်ရှင်ပြန်လာပြီလားလာလာရော့ရေလေးသောက်ပါဦးရှင်ရယ်''
ချန်လီကျင့်သည်ဖြစ်ပျက်ကုန်စင်အားသူ၏ဇနီးဖြစ်သူကိုပြောပြလေသည်။ထိုနောက်စုရှီထိုက်သည်ထိုအကြောင်းကိုကြားသောအခါရယ်နေလေသည်။
YOU ARE READING
ငါတို့တွေဘယ်နေရာမှာလွဲချော်ခဲ့လဲ
Romanceတစ်နေ့ထဲ တစ်ရက်ထဲ မွေးဖွားလာခဲ့တဲ့သူတို့နှစ်ယောက် နှစ်ဖက်မိဘများကလဲ သူငယ်ချင်းအရင်းအချာဖြစ်ကြတဲ့အခါ တစ်ရပ်ကွက် အိမ်ချင်းဘေးရင်းကပ် တည်ရှိကျတဲ့... ချန်လီဝမ်နဲ့ ရှီချင်းချင် တို့နှစ်ယောက် အထက်တန်းနောက်ဆုံးနှစ်မှာသူတို့ကြားထဲဝင်ရောက်လာတဲ့ မိန်းမလှလေးမိ...