ချင်းချင်သည်တစ်ခဏတွေဝေသွားပြီး။ထုံထုံပြောသမျှသည်အမြဲတမ်းချင်းချင်အားတွေဝေစေသည်။
စာမေးပွဲဘာသာစုံဖြေပြီးနောက်
အိမ်အမှတ်A001နှင့်A002တို့၏အနောက်ဘက်ခြံထဲတွင်ညစာစားရန်အမေနှစ်ယောက်သည်ပြင်ဆင်နေသည်။ထုံစံအတိုင်းဝမ်ချင်းရီသာချက်ပြုတ်ပြီးစုရှီထိုက်သည်စားပွဲများကိုပြင်ဆင်နေသည်။
ကလေးနှစ်ယောက်သည်လီဝမ်၏အခန်းထဲတွင်ကစားနေကြသည်။ကစားနေရင်းချင်းချင်သည်ရုတ်တရက်ထပြောသည်။''လီဝမ်နင်လီကျင့်ရွှီနဲ့သိပ်မပေါင်းသင့်ဘူး''(လီကျင့်ရွှီကိုမှတ်မိကြတယ်ဟုတ်ချန်လီဝမ်ကိုစတင်မိတ်ဆက်ပြီးထုံထုံပြောတဲ့လူဆိုးကောင်ဆိုတာလေ)
ချင်းချင်စကားကိုကြားသောအခါလီဝမ်သည်''ချင်းချင်ဘာဖြစ်လို့ငါကကျင့်ရွှီနဲ့မပေါင်းသင့်တာလဲ''ချင်းချင်''ဘာလို့လဲဆိုတော့....အင်း..ထုံထုံကပြောတယ်ကျင့်ရွှီကလူဆိုးတဲ့'' ''အဲ့ဒီတော့နင်သူနဲ့ဝေးဝေးနေသင့်တယ်'' ''တကယ်လို့သူစိတ်ဆိုးရင်နင့်ကိုရိုက်လိုက်ရင်ဘယ်လိုလုပ်မလဲနင်ကမသန်မာဘူးလေ''
လီဝမ်သည်သူ့အားမသန်မာဘူးဟုကြားသောအခါစိတ်ဆိုး၍''ချင်းချင်နင်လဲလီထုံထုံနဲ့မပေါင်းသင့်ဘူးသူမကနင့်ကိုဦးနှောက်မရှိတဲ့သူအမြဲလုပ်တယ်ပြီးတော့အတင်းလဲပြောတယ်''လီဝမ်းသည်အဆက်မပြတ်ပြောနေသည်။ထိုအချိန်လီဝမ်း၏အဖေချန်လီကျင့်သည်ညစာစားရန်လာခေါ်သည်။ချန်လီဝမ်အခန်းအပြင်တွင်ကလေးများပြောသမျှကိုနားထောင်နေသည်။ထုံးစံအတိုင်းဘဲသူတို့လေးသည်ရန်ဖြစ်နေကြပြန်ပြီ။လောင်ရှီ၏သမီးချင်းချင်သည်သူ၏မျက်လုံးထဲတွင်ချစ်ဖို့ကောင်းနေသည်။သူသည်သားတစ်ယောက်သမီးတစ်ယောက်လိုခြင်ခဲ့သည်။'အင်းနောက်တစ်ယောက်ဆိုသမီးလေးဖြစ်ရင်ကောင်းမယ်'ဟုသူ့ဇနီးအားအိပ်ရာဝင်ချိန်တွင်အမြဲပြောလေ့ရှိသည်။
သူ၏သားလေးကိုသူအမြဲဆုံးမသည်။ချင်းချင်အားညှာတာရန်နှင့်အလျော့ပေးရန်အမြဲဆုံးမသည်။ညီမလေးတစ်ယောက်လိုသဘောထားရမယ်ဟုလဲပြောလေ့ရှိသည်။(ဒီနေရာမှာပြောချင်တာက အရင်ချန်လီကျင့်က ကလေးတွေကိုကြီးလာရင်လက်ထပ်ပေးမယ်လို့ကတိပေးထားပေမဲ့သူ့သားကိုဆုံးမတဲ့နေရာမှာညီမလေးလိုသဘောထားရမယ်လို့ပြောသွားပါတယ်)
ချင်းချင်သည်ချန်လီကျင့်အသံကြားသောအခါတံခါးအားထဖွင့်ပေးသည်။
''ဦးဦးချန်...ဒီမှာကြည့်သမီးဆွဲထားတဲ့ပုံလေးဘယ်လိုလဲဟင်''
ချန်လီကျင့်သည်ကိုယ်ကိုငုတ်၍ချင်းချင်ပေးသောစာရွက်အားယူလိုက်သည်။
ပုံထဲတွင်နှင်းဆီပန်းနှစ်ခုသည်တစ်ခုနှင့်တစ်ခုရစ်ပတ်နေ၍ထိုနှင်းဆီပန်းအပေါ်တွင်လိပ်ပြာဟုထင်ရသည့်အကောင်တစ်ကောင်ကနားနေသည်။ပုံသည်ကလေးတစ်ယောက်ဆွဲထားသောပုံဖြစ်သေည်လည်းအသက်ဝင်လှသည်။
ထိုကြောင့်သူသည်ချင်းချင်အား''ချင်းချင်ဦးကိုဒီပုံလေးပေးလို့ရလား'' သူဒီဇိုင်းအသစ်သည်ကလေးအဝတ်ထုတ်ရန်ဖြစ်သော်လည်းlogoကိုပင်စဥ်းစား၍မရသောကြောင့်သူချင်းချင်ဆွဲထားသောပုံအားlogoအဖြစ်ထုတ်ရန်ချက်ချင်းစဥ်းစားမိသည်။(logoအကြောင်းအရှေ့မှာပြောထားပါတယ်နော်)
YOU ARE READING
ငါတို့တွေဘယ်နေရာမှာလွဲချော်ခဲ့လဲ
Romanceတစ်နေ့ထဲ တစ်ရက်ထဲ မွေးဖွားလာခဲ့တဲ့သူတို့နှစ်ယောက် နှစ်ဖက်မိဘများကလဲ သူငယ်ချင်းအရင်းအချာဖြစ်ကြတဲ့အခါ တစ်ရပ်ကွက် အိမ်ချင်းဘေးရင်းကပ် တည်ရှိကျတဲ့... ချန်လီဝမ်နဲ့ ရှီချင်းချင် တို့နှစ်ယောက် အထက်တန်းနောက်ဆုံးနှစ်မှာသူတို့ကြားထဲဝင်ရောက်လာတဲ့ မိန်းမလှလေးမိ...