အရာအားလုံးပုံမှန်အတိုင်းလှည်ပတ်နေသည်။
ရှီမင်ဖန်တို့မိသားစုသည်လည်းပြန်သွားတော့သည်။
လီဝမ်နှင့်ချင်းချင်တို့မခေါ်သည်မှာ၅ရက်မြောက်ရှိပြီဖြစ်သော်လည်း၊အတန်းထဲတွင်ထိုင်သည့်နေရာသည်ပြန်၍သူ့နေရာနှင့်သူပြန်ဖြစ်သွားသည်။အကြောင်းမှာလီကျင့်ရွှီကြောင့်ပင်ဖြစ်သည်။လီကျင့်ရွှီသည်သူ၏ထိုင်ခုံဖော်လီထုံထုံမရှိနေသည်ကိုအသားမကျပေ။လီထုံထုံသည်အလွန်အမင်းဆူညံကာပွစိပွစိလုပ်နေကာသူ့အားလည်းငြိမ်ငြိမ်မနေနိုင်အောင်လုပ်သေးသည်။သို့သော်စုန့်လီလီသည်တိတ်ဆိတ်ကာသူစကားပြောသော်လည်းပြန်မပြောပေ။ဒါကြောင့်သူစုန့်လီလီအားမောင်းထုတ်ကာထုံထုံကိုပြန်ခေါ်ထားခြင်းဖြစ်သည်။
ထုံထုံသူမနေရာသူမပြန်လာသောအခါချင်းချင်သည်လည်းလီဝမ်ဘေးရှိသူမနေရာသို့ပြန်ရောက်လာသည်။
လီဝမ်သည်ကျင့်ရွှီအားအလွန်ကျေးဇူးတင်နေသော်လည်းချင်းချင်ကိုသူစကားပြန်မပြောပေ။သူတို့နှစ်ယောက်သည်အပြိုင်အဆိုင်ကောက်နေကျသည်။
ချင်းချင်သည်အိမ်တွင်တိတ်ဆိတ်စွာနေလေသည်။အခုတလောသူမ၏မိဘနှစ်ယောက်သည်မအားပေ။အိမ်တွင်လည်းမရှိကြပေ။ဝမ်ချင်းရီသည်ဆိုင်ထိုင်၍ရှီမင်းရှန်သည်ပြောက်နေသည်။
ထို့ကြောင့်သူမကျောင်းဆင်းချိန်တွင်အိမ်သည်မီးပိတ်ထားကာမိဘနှစ်ပါးသည်လည်းပြန်မရောက်သေးပေ။သူမအတွက်သူမအမေသည်ရေခဲသေတ္တာထဲတွင်ညစာအတွက်မနက်ကထဲကပင်ချက်ထားကာစာကပ်၍ထားခဲ့သည်။တစ်ခါတစ်ရံမွေးစားအမေစုလာသော်လည်းလီဝမ်တော့လိုက်မလာပေ။
ချန်လီကျင့်သည်လည်းသူ၏ယခုထုတ်လုပ်လိုက်သောဒီဇိုင်းသည်အောင်မြင်၍အလုပ်ရှုပ်နေသောကာလဖြစ်သည်။အကျိုးအမြတ်သည်လည်းအလွန်ရသော်လည်းအိမ်အပြန်နောက်ကျလာသည်။ထိုအရာကိုစုရှီထိုက်သည်စိတ်ထဲမထားပေ။သူမ၏ကိုယ်ဝန်သည်လည်းတဖြည်းဖြည်းနှင့်ကြီးလာလေသည်။
ပုံမှန်လည်ပတ်နေသော်လည်းတစ်နေ့ညအချိန်တွင်ရှီမင်းရှန်အိမ်သို့ပြန်လာသည်။
သူပြန်လာသော်အချိန်သည်အလွန်နောက်ကျနေပြီဖြစ်ရာသူ၏ဇနီးသည်နှင့်သမီးဖြစ်သူမှာအိပ်နေပြီဖြစ်သည်။
YOU ARE READING
ငါတို့တွေဘယ်နေရာမှာလွဲချော်ခဲ့လဲ
Romanceတစ်နေ့ထဲ တစ်ရက်ထဲ မွေးဖွားလာခဲ့တဲ့သူတို့နှစ်ယောက် နှစ်ဖက်မိဘများကလဲ သူငယ်ချင်းအရင်းအချာဖြစ်ကြတဲ့အခါ တစ်ရပ်ကွက် အိမ်ချင်းဘေးရင်းကပ် တည်ရှိကျတဲ့... ချန်လီဝမ်နဲ့ ရှီချင်းချင် တို့နှစ်ယောက် အထက်တန်းနောက်ဆုံးနှစ်မှာသူတို့ကြားထဲဝင်ရောက်လာတဲ့ မိန်းမလှလေးမိ...