Ch39

38 1 0
                                    

ရှီမင်းရှန်''အိမ်တော်ထိန်းဒီကိစ္စဘယ်သူမှမသိသေးဘူးမလား၊ကျွန်တော်တို့ချင်းချင်သက်သာတာနဲ့အိမ်ပြန်မယ်၊ကျန်တာအိမ်တော်ထိန်းနဲ့ကိုကြီးနဲ့သာဆက်လုပ်တော့၊ပြီးရင်ကျွန်တော်အောက်ဆင်းလာခဲ့ပါ့မယ်၊လိုအပ်တာရှိရင်ကျွန်တော်ခေါ်လိုက်မယ်''ဟုပြောလိုက်သည်။

အိမ်တော်ထိန်းသည်သဘောတူစွာအခန်းထဲရှိအိမ်အကူနှစ်ယောက်ကိုလဲခေါ်ထုတ်သွားသည်။
ချင်းချင်သည်အဖျားတတ်၍မနိုးသေပေ။ဝမ်ချင်းရီသည်သူမထိန်းထားသောမျက်ရည်များကြလာတော့လေသည်။
ဝမ်ချင်းရီ''ယောကျာ်းချင်းချင်ကအခုထိမနိုးသေးဘူးအဖျားကလဲမကျသေးဘူး၊ကျွန်မအပြစ်ပါ၊ကျွန်မပေါ့ဆမိလို့''ဟုပြောကာငို​နေသည်။

ရှီမင်းရှန်''အဲ့တာမင်းအပြစ်မဟုတ်ပါဘူးကွာ၊သမီးလေးကသန်မာပါတယ်မကြာခင်နိုးလာပါလိမ့်မယ်၊မငိုနဲ့တော့နော်''ဟုနှစ်သိမ့်နေသည်။

သူတို့နှစ်ယောက်မသိသည်ကားသူတို့အပြင်အခန်းထဲတွင်လီဝမ်ရှိနေသည်။လီဝမ်သည်တိတ်တဆိတ်နှင့်အနောက်တွင်ရပ်ကာကုတင်ပေါ်တွင်လဲနေသောချင်းချင်အားမျက်တောင်မခတ်ကြည့်နေသည်။
ချင်းချင်ကဘာလို့မနိုးသေးတာလဲ။

ရှီမင်းရှန် သည်ဝမ်ချင်းရီအားချင်းချင်နိုးလာသောအခါသူ့ကိုလာပြောရန်မှာပြီးအောက်ထပ်သို့ဆင်းသွားလေသည်။
အခန်းသည်အမှောင်ချထား၍ကုတင်ဘေးရှိမီးအိမ်လေးတစ်ခုသာဖွင့်ထားလေသည်။
အခန်းသည်အလွန်နွေးထွေးနေလေသည်။

ဝမ်ချင်းရီ အခန်းထဲတွင်တစ်ယောက်ယောက်ရှိနေသည်ကိုခံစားမိသောကြောင့်အနောက်သို့လှည့်ကြည့်လိုက်စဥ်သူမ၏သမီးအားတိတ်တဆိတ်ကြည့်နေသောလီဝမ်ကိုတွေ့လိုက်ရ​လေသည်။

ဝမ်ချင်းရီ ''သားလီဝမ်...လာလာသားလေးမင်းသူငယ်ချင်းကတော့မနိုးသေးဘူး''ဟုပြောကာခေါ်လေသည်။
လီဝမ်သည်ကုတင်ဘေးသို့လျှောက်သွားကာချင်းချင်ကိုစိုက်ကြည့်လျက်''အန်တီချင်းချင်ကဘာလို့မနိုးသေးတာလဲ''ဟုမေးပြန်သည်။

ဝမ်ချင်းရီ ''နိုးလာမှာပါသားရယ်''
လီဝမ်မှာ''ဟုတ်ကဲ့''ဟုပြန်ပြောသည်။ဝမ်ချင်းရီ''သားချင်းချင်ကအနိုင်ကျင့်တယ်မလား၊မင်းချင်းချင်ကိုခွင့်လွှတ်ပေးပါနော်''
လီဝမ်''ဟုတ်ကဲ့သားချင်းချင်ကိုခွင့်လွှတ်ပါတယ်၊သားချင်းချင်ကိုညီမလေးတစ်ယောက်လိုလဲသဘောကျပါတယ်''ဟုပြန်ပြောသည်။

ငါတို့တွေဘယ်နေရာမှာလွဲချော်ခဲ့လဲWhere stories live. Discover now