Ch51

83 1 0
                                    

ဝမ်းချင်းရီ သည် ဧည့်ခန်းထဲတွင် TVကြည့်ကာ အနားယူလေသည်။ သူမ လီဝမ်ရောက်နေသည်ကိုပင်မသိပေ။

လီဝမ်''အန်တီဝမ်..အန်တီဝမ်''ဟု ဝမ်ချင်းရီအနောက်က ခေါ်လိုက်သည်။
ဝမ်ချင်းရီလဲ TV တွေစိတ်ရောက်နေသဖြင့် သူမနာမည်အားခေါ်သံကြားလိုက်သဖြင့် လန့်သွားသည်။

ဝမ်ချင်းရီ''ဟယ်..သားလီဝမ် မင်းကအသံမပေးပါမပေးနဲ့ ချင်းချင်းဆီလာတာလား၊သူမအပေါ်မှာ ဒီနေ့မင်းကို သူမအချိန်မပေးနိုင်ဘူးဘဲ၊ထုံထုံ ရောက်နေလို့လေ၊သားတက်တက် ချင်းချင်းတို့အပေါ်မှာ၊အန်တီသားတို့စားဖို့ အဆာပြေတစ်ခုခုလုပ်ပေးမယ်နော်''
လီဝမ်လဲခေါင်းညိပ်ကာ ချင်းချင်အခန်းရှိရာ သို့သွားလေသည်။

သူအခန်းတံခါးကိုဖွင့်ရန်ကြိုးပန်းလိုက်သောအခါ လော့ချထားသည်ကို သိလိုက်ရသည်။ချင်းချင်းသည် ဘယ်သောအခါမှ အခန်းတံခါးကိုလော့မချတတ်ပေ။

ထိုအချိန်အခန်းအတွင်းမှရယ်သံကိုကြားလိုက်လေသည်။

ချင်းချင်းနှင့်ထုံထုံမှာလီဝမ်လာသည်ကို မသိဘဲ ဟိုဟိုဒီဒီအကြောင်းများ​ပြောကာ ရယ်မောနေသည်။
ထုံထုံသူမ ချင်းချင်း၏ စာကြည့်စာပွဲတွင် သူမမျက်စိကျနေသည့်စာအုပ်ကိုတွေ့လိုက်ရသည်။
ချက်ချင်းဆိုသလိုကောက်ယူပြီးဖွင့်ဖတ်လိုက်သည်။(ဒီနေရာမှာဆိုရင် ချင်းချင်းနဲ့ထုံထုံရဲ့ ခင်မင်မှုကိုတွေ့ရတယ်နော် သူ့ပစ္စည်းငါ့ပစ္စည်းလို့မတွေးထားဘူး)

ချင်းချင်သည်ထုံထုံသူမ၏ လျှိုဝှက်ဒိုင်ယာရီစာအုပ်အားကောက်ကိုင်လိုက်သည်ကိုမြင်သောအခါ အသဲသန်ပြန်လုလေသည်။သို့သော်သူမ အချိန်မမှီပေ။

စာအုပ်အစတွင် 'သူ' ဆိုသည့် နာမ်စားလေးဖြင့်စထားသည်။

ထုံထုံ စာအုပ်တစ်ခုလုံးနောက်ဆုံးရေးထားသည့်အကြောင်းအရာများထိဖတ်မိလိုက်သည်။ 'သူ' ဆိုသည့်နာမ်စား ဟာဘယ်သူလဲဆိုတာ သူမ သိသလိုဘဲ

ထုံထုံ'' ချင်းချင်း နင်ကလေးဘဲရှိသေးပေမယ့် သဘောကျတဲ့သူကိုတွေ့နေပြီဘဲ၊ပြောစမ်းပါဦး သူဆိုတာဘယ်သူလဲလို့၊ ငါတွေးထားတဲ့တစ်ယောက်လို့တော့မပြောနဲ့နော်၊ခစ်ခစ်''
ချင်းချင်း၏မျက်နှာမှာရဲတွတ်ကာ ရှက်သွေးဖြာနေသည်။

ထုံထုံသည် စာနှင့်ပတ်သတ်သောအရာများတွင်သာ နုံအသော်လည်း အရိပ်အကဲ မြန်သည့် ကောင်မလေးဖြစ်သည်။

ချင်းချင်းလဲဘာမှပြန်မပြောဘဲခေါင်းညိပ်ပြီး''အင်းဟုတ်တယ် နင်တွေးထားတဲ့သူဘဲ၊ဒါပေမယ့်နင်ဒါကို လျှိုဝှက်ထားပါမယ်လို့ကတိပေး။''
ထုံထုံရယ်လိုက်ကာ''ကတိတောင်းစရာလား၊မပြောပါဘူးငါလဲ၊ဒါပေမယ့်လေ....ခစ်ခစ်''

အခန်းအပြင်တွင် သူမတို့ ပြောနေသည့်အကြောင်းကိုနားထောင်နေသည့်သူရှိသည်ကိုမသိပေ။

လီဝမ်လဲ ထိုဒိုင်ယာရီစာအုပ်အားတွေ့ဖူးပြီးဖတ်လဲဖတ်ဖူးတယ်
သူချင်းချင်းကို နောက်အဲ့လိုမလုပ်ဖို့နဲ့ 'သူ'ဆိုသည့် အကောင်ကိုလဲသူမကြိုက်ပေ။
ထို့ကြောင့်တံခါးအား ပြင်းပြင်းဖြင့်ခေါက်လိုက်လေသည်။

အခန်းထဲရှိမိန်းကလေးနှစ်ယောက်သည် ပြင်းထန်စွာခေါက်လိုက်သော တံခါးအသံကြောင့်လန့်သွားကာ ချင်းချင်း၏အမေသိသွားပြီအထင်နှင့်ကြောက်ကြောက်လန်လန့်တံခါးဖွင့်လိုက်သည်။

ချင်းချင်းတံခါးဖွင့်လိုက်သောအခါမြင်ရသည့် သူမှာ လီဝမ်ဖြစ်နေသည်ကို သိလိုက်သောအခါသက်ပြင်းချလိုက်တော်လည်းသူမတို့ပြောနေသည့် စကားများကို သူဘယ်လောက်အထိကြားသွားလဲဆိုတာ မသိသဖြင့် လန့်နေမိသည်။ ထို့ကြောင့်ရယ်လိုက်ကာ

''ဟီးဟီ...လီဝမ်ဘယ်တုံးကရောက်နေတာလဲ၊ငါနင့်ဆီလာမလို့ဘဲ ထုံထုံအိမ်ရာက်နေတာလေ၊ မေမေက ညကျရင် ငါတို့အတူတူညစာစားမယ်ပြောတယ် အဲ့ဒီအချိန်မှ နင့်ကိုလာတွေ့မလို့ဘဲ၊လာလာ...''

ချင်းချင်းထိုသို့ပြောသောအခါလီဝမ်သည် ဆူပုတ်ပုတ်နှင့်စိတ်ဆိုးဟန်ပေါ်သည့်အမူအရာဖြင့် အခန်းထဲအားဝင်လိုက်တယ်။

ချင်းချင်းလီဝမ်နှင့်စကားပြောနေချိန် ထုံထုံသည်အရိပ်ကဲသိစွာဖြင့် ဒိုင်ယာရီစာအုပ်အားဝှက်လိုက်သည်။

ထို့နောက် ထုံထုံသည်လီဝမ်အားရယ်ပြလျက် သူ၏လက်အားတွဲလိုက်လေသည်။
သို့သော်လီဝမ်သည်ထုံထုံ သူ့လက်အားမတွဲမိခင်ပင်ရှောင်လိုက်လေသည်။ 

ကလေးသုံးယောက်စကားပြောရယ်မောစွာကစားနေချိန်ဝမ်ချင်းရီသည် ညစာစားရန် အော်ခေါ်လေသည်။

ထို့နောက်သူတို့ညစာစားပြီးနောက်လီဝမ်လဲသူ့အိမ်သူပြန်သွားကာ သူစောစောက သူကြားလိုက်ရသည့်အကြောင်းကိုပြန်တွေးမိရင်းဒေါသထွက်နေသည်။
သူသိချင်တယ် ချင်းချင်းစာဘက်ကိုအာရုံမလာဘဲ သဘောကျနေတဲ့အကောင်ကဘယ်သူလဲဆိုတာကိုပေါ့

ဟီး.....Jပြန်လာပါပြီနော်။
Please votes and comments
Thanks

ငါတို့တွေဘယ်နေရာမှာလွဲချော်ခဲ့လဲWhere stories live. Discover now