Ch3

160 5 0
                                    

A001 နှင့် A002တို့ မိသားစုနှစ်စုမီးဖွားပြီနောက်ဆေးရုံကဆင်းလာသည်။
A001အိမ်တွင်
ရှီမင်းရှန် '' ကိုယ့်ဘဝမှာအပျော်ဆုံးအချိန်ဘဲကျေးဇူးတင်ပါတယ်ဇနီးလေး...ကိုယ့်အတွက်မင်းသမီးငယ်လေးကိုဖွားမြင်ပေးတဲ့အတွက်''
ဝမ်ချင်းရီ''ရှင်ကြည့်ကျွန်မတို့သမီးလေးကမလှဘူးလား...မျက်လုံးလေးကဝိုင်းစက်နေတာဘဲ..''
ရှီမင်းရှန် ''အင်းအဲ့တာကိုယ်နဲ့တူတာလေ..ဟားဟား...''
ဝမ်ချင်းရီ''တိုးတိုးလုပ်ပါရှင်ကလဲ... သမီးလေးနိုးသွားပါဦးမယ်...ဒါပေမယ့်သမီးလေးကရှင်နဲ့တူလို့မဖြစ်ဘူးထင်တယ်ကျွန်မတော့''
ရှီမင်းရှန် ''ဟ...မင်းကဘာစကားလဲကွ...ငါ့သမီးကငါနဲ့တူတာဘာဖြစ်လို့လဲ''
ဝမ်ချင်းရီအတွေးထဲတွင်'ရှင်နဲ့တူတော့ကျွန်မသမီးလေးရုပ်ဆိုးမှာပေါ့' 'မဖြစ်ဘူးမဖြစ်ဘူး'
A001အိမ်၏ထုံးစံအတိုင်းစကားနိုင်လုသံကြားနေရသည်။
ထိုအချိန်A002ဘက်တွင်
ချန်လီကျင့်''မိန်းမဖြည်းဖြည်း...သားလေးနိုးလိမ့်မယ်ဖြည်းဖြည်း''
စုရှီထိုက်''အော်..ရှင်ကလဲအကဲပိုကိုပိုလွန်းတယ်'' ''ရှင့်သားမိန်းမယူရင်ရှင်ဘယ်လိုလုပ်မလဲအခုကထဲက သားကိုဝန်တိုနေတာ''

(နောက်ပိုင်း ပါး၊မားလို့ဘဲရေးပါတော့မယ်နော်နာမည်တွေကရေးရတာရှည်နေလို့ပါ)
ချန်းလီကျန်''အော်..မင်းကလဲဘာဖြစ်လို့လဲ''

(MLနဲ့FL မိဘတွေ အိမ်ထောင်ကျခါစ အချင်းချင်းပေးထားတဲ့ကတိလေးတွေပါနော်)
တစ်ချိန်က မိသားစုနှစ်ခု၏နောက်ဖေးခြံထဲညစာစားနေချိန်တွင်
ချန်လီကျင့်'' ဟေ့လောင်ရှီ တကယ်လို့မင်းနဲ့ငါ ကတိတစ်ခုထားရအောင်''
ရှီမင်းရှန်း''ဘာကတိလဲ...''
ချန်လီကျင့်'' ဒီလိုကွာတကယ်လို့တစ်နေ့မင်း သားလေးမွေး,ငါသမီးလေးမွေးရင်သူတို့ကိုအသက်ကြီးလာရင်စေ့စပ်ထားပေးပြီးမဂ်လာဆောင်ပေးရအောင်'' ''တကယ်လို့ငါသားလေးမွေး,မင်း သမီးလေးမွေးရင်လဲဒီလိုဘဲ ဘယ်လိုထင်လဲမင်း''
ရှီမင်းရှန်''အင်းမဖြစ်နိုင်တာတွေမပြောစမ်းပါနဲ့ကလေးတွေသူတို့ကြိုက်နှစ်သတ်တဲ့သူသာလက်ထပ်ခိုင်းလိုက်ပါမင်းဟာတော့ငါသဘောမတူဘူး တကယ်လို့နှစ်ယောက်စလုံးသားလေးမွေးလာရင်ရော, ဒါမှမဟုတ်သမီးလေးဆိုရင်ရောမင်းဘယ်လိုလုပ်မလဲ'' ''မဖြစ်နိုင်တာတွေမပြောစမ်းပါနဲ့''
(
ရှီမင်းရှန်၏စရိုက်သည်နှုတ်မချိုသော်လည်းသဘောကောင်းပေသည်။ သူသည်အမှန်တရားကိုသာလက်ကိုင်စွဲသောသူကြီးဖြစ်လေသည်။မိန်းမကိုအလွန်ကြောက်လေသည်။(မှန်တာပြောရင်ရွာပြင်ထွက်ဆိုတဲ့သူမျိုးပါနော်)
ချန်လီကျင့်သည်တိတ်ဆိတ်စွာနေတတ်သောသူဖြစ်သည်။အရီအပြုံးနည်းသူဖြစ်ပြီးမိန်းမကိုအလွန်ချစ်သောသူဖြစ်သည်။
ဝမ်ချင်းရီ သူမသည်လဲပွင့်ပွင့်လင်းလင်းပြောဆိုတတ်သူဖြစ်ပြီးအချက်ပြုတ်လက်ရာ၌အလွန်ကောင်းလေသည်။သူမသည်သူမခင်ပွန်းကဲ့သို့နှုတ်မချိုပေရှီမင်းရှန်ကိုလဲအလွန်နိုင်လေသည်။
စုရှီထိုက်မှာမူသူမသည်အလွန်အင်မတန်နူးညံ့သည့်အမျိုးသမီးဖြစ်လေသည်။ချမ်းသာသောအသိုင်းဝိုင်းမှမွေးဖွားလာသူဖြစ်ပြီးစကားပြောဆိုရာ၌အလွန်ချိုသာလှသည်။
ချန်လီကျင့်သည်Flowဒီဇိုင်းcompanyCEOဖြစ်လေရာ သူ၏ဇနီးမဒမ်စုသည်ဒီဇိုင်နာတစ်ဦးဖြစ်လေသည်။
ရှီမင်းရှန်သည်တက္ကသိုလ်တွင်တိုက်ကွန်တိုခါးပတ်အနက်ရွှေတံဆိတ်ဆုရကစားသမားဖြစ်သည်။
ဝမ်ချင်းရီသူမသည်အချက်အပြုတ်ကျွမ်းကျင်သူတစ်ဦးဖြစ်လေရာ ရပ်ကွက်စျေးတွင် စားသောက်ဆိုင်ဖွင့်ထားလေသည်။
ရှီမင်းရှန် ရွှေတံဆိတ်ဆုရပြီးနောက် သူ၏ဒူးတွင်အရွတ်ပြတ်သွားပြီးနောက်ပိုင်းတွင်ကစားသမားဘဝအဖြစ်ကရပ်နားလိုက်ပြီးသူ့ဇနီးနှင့်အတူဖွင့်ထားသောစားသောက်ဆိုင်တွင်သာဆိုင်ထိုင်လေသည်။
သူဝလာခြင်း၏အကျိူးဆက်သည်သူ့ဇနီးလက်ရာအစွမ်းပင်ဖြစ်သည်။)
စုရှီထိုက်'' ရှီမင်းရှန်ရယ်ဘာဖြစ်တုံး...နှစ်ယောက်စလုံးသားလေးမွေးမွေးသမီးလေးမွေးမွေးအဲ့တာဆိုလဲသားလေးတွေဆိုညီအကိုကောင်းဖြစ်ပြီး...သမီးလေးတွေဆိုလဲညီအမပေါ့..မဟုတ်ဘူးလားအမဝမ်''
ဝမ်ချင်းရီ''ဟားဟား...ဟုတ်တာပေါ့ဟုတ်တာပေါ့အဲ့တာဆို ကျွန်မတို့ကတိလုပ်ရအောင်''
ရှီမင်းရှန်သည်သူ့ဇနီးစကားသံကိုကြားပြီးနောက်''အင်း...ကတိလုပ်ကြတာပေါ့ကွာ ကမ်းပေ့''
''ကမ်းပေ့....ကမ်းပေ့''

ငါတို့တွေဘယ်နေရာမှာလွဲချော်ခဲ့လဲWhere stories live. Discover now