Ch36

32 1 0
                                    

Ch36
သူတို့ရှီမင်းဖန်စံအိမ်သို့ရောက်သောအခါဧည့်ခန်ရန်ထပ်မံအလုပ်ရှုပ်နေကြပြန်သည်။သူတို့ကလေးတစ်ယောက်ကျန်ခဲ့သည်ကိုပင်သတိမထားမိပေ။
လီဝမ်သည်စံအိမ်သို့ရောက်သောအခါချင်းချင်အားလိုက်ရှာနေသည်။စောစောကလူအုပ်ကွဲသွားကာချင်းချင်ပျောက်နေသည်ကိုသူသတိထားမိသည်။သူတစ်အိမ်လုံးလိုက်ရှာသော်လည်းချင်းချင်အားမတွေ့ပေ။သို့သော်ခြံထဲတွင်ရပ်နေသည့်ရင်ချင်အားသူမြင်လိုက်သည်။ထို့ကြောင့်ရင်ချင်ဆီသို့သွားကာ''ရှီရင်ချင်...ဟိုချင်းချင်ရောဘယ်မှာလဲနင်သိလား''
ရီရင်ချင်သည်လီဝမ်အသံကိုကြားလိုက်သောအခါနောက်သို့လှည့်ကြည့်၍အားတက်တရော''အားးးးကိုကိုလီဝမ်နင်ဘယ်တုံးကရောက်လာတာလဲ၊မမချင်းချင်ဘယ်နားမှာရှိလဲတော့ငါမသိဘူး၊နင့်ကိုငါ့ဝမ်းကွဲတွေနဲ့မိတ်ဆက်ပေးမယ်လေ၊''ဟုပြောကာလီဝမ်လက်အားတွဲလိုက်သည်။

သို့သော်လီဝမ်သည်ရင်ချင်လက်အားဖြုတ်ကာသူ၏အမေရှိရာသို့ထွက်လာခဲ့သည်။သူ၏အမေအားချင်းချင်ပျောက်နေသည်ဟုသွားပြောသည်။''မေမေသားချင်းချင်ကိုမတွေ့ဘူးသူမပျောက်နေသလိုဘဲ''

စုရှီထိုက်သည်သူမသားထိုသို့ပြောသောအခါစိတ်ထဲတွင်တစ်ခုခုဖြစ်သွားသော်လည်းသူမသည်''အင်းချင်းချင်ပင်ပန်လို့အိပ်နေတာလဲဖြစ်ရင်ဖြစ်မှာပါသားရယ်၊တစ်နေရာရာမှာတော့ရှိမှာပါ''
မိုးသည်ရွာချလာသဖြင့်ခြံထဲတွင်ရှိနေသူများအိမ်အတွင်းသို့ဝင်လာကြသည်။ကိုယ်စီအလုပ်ရှုပ်နေကြသည်။

သို့သော်လီဝမ်သည်သူ၏စိတ်ထဲတွင်တစ်ခုခုဖြစ်နေသည်ကိုသိသောကြောင့်တစ်အိမ်လုံးအားတစ်ခန်းဝင်တစ်ခန်းထွက်လိုက်ရှာနေသည်။သူစိတ်ထဲထင့်နေသည့်အတိုင်းချင်းချင်ကိုရှာမတွေ့ပေ။ထို့ကြောင့်ထပ်ပြီးသူ၏မိခင်အားသွားပြောပြန်သည်။''မေမေသားချင်းချင်ကိုတစ်အိမ်လုံးလိုက်ရှာပြီးပြီချင်းချင်ကိုမတွေ့ဘူးမေမေ''ဟုပြောသည်။

စုရှီထိုက်သည်လည်းသူမသားထိုသို့​ပြောလာသောအခါစိတ်ထဲထင့်၍သူမ၏ခင်ပွန်းအားသွားပြောလေသည်။
စုရှီထိုက်''ယောကျာ်းသားကပြောတယ်ချင်းချင်ကိုမတွေ့ဘူးတဲ့ပျောက်နေတယ်ပြောတယ်''
ချန်လီကျင့်''ဟမ်...မဖြစ်နိုင်ပါဘူးမိန်းမရာသားရှာမတွေ့တာနေမယ်''
စုရှီထိုက်''မဟုတ်ဘူးကျွန်မလဲသားပြောတာမယုံလို့လိုက်ရှာတာတကယ်မတွေ့ဘူးပြီးတော့သားလဲလိုက်ရှာတာနှစ်ခေါက်ရှိနေပြီပြောတယ်''ဟုပြောလိုက်သည်။

ချန်လီကျင့်သည်ထိတ်လန့်၍ရှီမင်းရှန်ရှိရာဆီပြေးသွားသည်။
သူရှီမင်းရှန်ကိုမြင်သောအခါသူသည်သူ့အဖေ၏သေဆုံးမှုကြောင့်စိတ်နှင့်ကိုယ်မကပ်နေသည်ကိုမြင်လိုက်ရသည်။ထပ်မံ၍သမီးဖြစ်သူပျောက်နေသည်ကိုသိရင်သူ၏သူငယ်ချင်းဖြစ်ပျက်မည့်စိတ်ကိုသူရင်မောနေသည်။သူရင်မောနေလို့မဖြစ်ပေ။သူပြောမှရမည်။

ချန်လီကျင့်''လောင်ရှီမင်းချင်းချင်ကိုတွေ့လား၊သူမပျောက်နေသည်ထင်တယ်''ဟုပြောလိုက်သည်။
သူ၏အသံကိုကြားသောအခါဝမ်ချင်းရီသည်အနားသို့ရောက်လာ၍ထိုအခါမှသူမသမီးပျောက်နေသည်ကိုသတိထားမိလေသည်။ဟုတ်တယ်သူမသမီးပျောက်နေတယ်၊အစကသူမထင်သည်ကားချင်းချင်သည်အိပ်ခန်းထဲတွင်အိပ်နေသည်ဟုထင်နေသောကြောင့်သူမဧည့်သည်များအားဧည့်ခံနေသည်။သူမခင်ပွန်းသည်စိတ်နှင့်ကိုယ်မကပ်သဖြင့်သူမသာဧည့်ခံနေရခြင်းဖြစ်သည်။

ရှီမင်းရှန်သည်သူ၏သမီးပျောက်နေသည်ကိုသိလိုက်သောအခါအိမ်အကူများနှင့်အိမ်တော်ထိန်းအားပြောလိုက်ကာလိုက်ရှာစေသည်။သိုသော်တစ်အိမ်လုံးလိုက်ရှာသော်လည်းမတွေ့ပေ။ခြံထဲတွင်ရှိနေသည်ကားမဖြစ်နိုင်။အပြင်တွင်လျှပ်စီးလက်ကာမိုးရွာချနေသည်။ထို့ကြောင့်သူစိတ်ထဲတွင်မီးခဲကြီးဖြစ်နေသည်ကိုပင်ခံစားလာရသည်။

ငါတို့တွေဘယ်နေရာမှာလွဲချော်ခဲ့လဲWhere stories live. Discover now